3

25 4 0
                                    

Unicode

ညစာ စားပြီးကာ အချိန်တွေပင်ကျော်လွန်သွားပြီ။ အဘွားဖြစ်သူစီ သာရင်မနှုတ်ဆက်ရသေးပေ။ အစ်မဆတ်ကတော့ "ဆရာမက အပေါ်ထပ်မှာပဲ ထမင်းစားလေ့ရှိတယ်"လို့ ထမင်းစားဝိုင်းတွင် ဟိုကြည့်ဒီကြည့်လုပ်နေသော သာရင်ကိုပြောပြလာတယ်။ အစ်မဆတ်က အကုန်သိနေပြီးသားလူဖြစ်မည်။

အပေါ်ထပ်တွင် အရှေ့ဘက်အခြမ်းသည် သာရင်တို့နေတဲ့အခန်းတွေရှိပြီး အနောက်ဘက်အခြမ်းတွင် အဘွားနေသည်လို့သိရသည်။ နှစ်ခုကြားတွင် နံရံရှိပြီး ‌အနောက်ဘက်သွားချင်ရင် အနောက်လှေကားကိုအသုံးပြုရသည်ဟု ပြန်လည်တည်ဆောက်ထားသောအိမ်ကြီးကို အစ်မဆတ်ကရှင်းပြလာတယ်။ ဒီအိမ်မှာ အလုပ်လုပ်ကြတဲ့ ဦးဘနိုင်၊‌အန်တီသန်းနှင့် အစ်မသဇင်တို့သည် သာရင် ငယ်ငယ်ကတည်းက တွေ့ဖူးတဲ့လူတွေပင်မယ့် အစ်မဆတ်နဲ့ပိုရင်းနှီးတယ်လို့ခံစားရတယ်။ သေချာပေါက် အဘွားအကြောင်းကို သာရင်ထက် ပိုသိသူလည်းဖြစ်မယ်။ ဒီပြောင်းလဲသွားတဲ့ အိမ်ကြီးကိုလည်း အိမ်ရှင်ဖြစ်သူရဲ့မြေးထက် အစ်မဆတ်က ပိုမိုသိပြီး သာရင် အတွင်းရေချိုးခန်းကို ဘယ်မှာရှိလဲဆိုတာ ပြန်မေးယူရသည်အထိပင်။ အရင်က ဒီမြို့မှာ ရေချိုးလျှင် ရေတွင်းတွင် ဖေဖေသည် ရေဆွဲပေးသည်။ အခုကပင် အပြင်ရော အတွင်းရောက ရေပိုက်ခလုတ်လှည့်ရုံနဲ့တင် ရေရသည်။ ခေတ်တွေပြောင်းလဲလာနဲ့အညီ ဒီမြို့လေးလည်း ခေတ်နဲ့အညီ ပါလာတယ်လို့ဆိုရမယ်။

ဦးကျော် ပြန်တော့မယ်ဆိုတော့ အစ်မဆတ်က ရန်ကုန်အိမ်အတွက် မုန့်ထည့်ပေးချင်တယ်ဆိုပြီးမုန့်ဝယ်ဖို့ ဆိုက်ကယ်ဖြင့် လိုက်သွားတယ်။ ခဏအကြာတော့ ဆိုက်ကယ်သံကြားရတော့ အစ်မဆတ်ပြန်ရောက်လာပြီဆို‌တာ သိရတယ်။ နောက်ထပ်ကို ဆင်းသွားလိုက်တယ်။ ထမင်းစားတဲ့နေရာက အနောက်ဘက်အခြမ်းမှာရှိပင်မယ့် ဒီဘက်‌အရှေ့ခြမ်းတွင်တော့ စာအုပ်စင်တွေနဲ့ သစ်သားစားပွဲတန်းတွေရှိတယ်။ အောက်ထပ်တွင်တော့ နှစ်ဖက်ကြားတွင် တံခါးတစ်ချပ်ရှိတာကြောင့် အရှေ့၊အနောက်ကို အိမ်ထဲကနေပင် ကူးဖြတ်လို့ရတယ်။ ဒီဘက်အရှေ့ခြမ်းသည် စာလုပ်‌တဲ့နေရာဖြစ်လောက်မယ်။ လှေကားရဲ့ အောက်ဆုံးအထစ်တွင် ထိုင်လျက်စောင့်နေမိတယ်။ ဆိုက်ကယ်သံရပ်သွားသော်လည်း အိမ်ရဲ့အရှေ့တံခါးမှ လူလာသည့်အရိပ်ယောင်မတွေ့တာကြောင့် မတ်တပ်ထရပ်လိုက်တယ်။ တံခါးဝကနေ တဆင့် ခြံဘက်သို့လှမ်းကြည့်လိုက်တော့ အစ်မဆတ်ကိုမတွေ့တာကြောင့် အနောက်ဘက်တံခါးမှဝင်သွားမှန်းသိလိုက်ရတယ်။ အိမ်ထဲကနေပင် အနောက်ဘက်အခြမ်းသို့သွားလိုက်တယ်။
ခုံတစ်ခုံတွင် ထိုင်နေလျက် ထမင်းစားခုံတန်းတွေကိုနောက်ကျောပေးထားပြီး အရှေ့နံရံတွင်ချိတ်ထားသော တီဗီကိုကြည့်နေသော အစ်မဆတ်ကိုတွေ့ရတယ်။ အနောက်မှာ ထမင်းစားခုံတန်းတွေက ထိုင်ခုံတစ်ခုပေါ်တွင် တစောင်းထိုင်လျက် တီ‌ဗီဖက်သို့ မျက်နှာမူထားသော အန်တီသန်းကိုလည်းတွေ့ရတယ်။

Pure Where stories live. Discover now