Part-15

162 21 0
                                    

Part-15

"ဘယ်သူလဲ"

" မင်းကငါ့ကိုမသိလောက်ပေမဲ့ ငါက မင်းအဖေကိုကော မင်းကိုကော ကောင်းကောင်းသိနေခဲ့တယ် ကောင်လေး"

" ခင်ဗျားက"

"မင်းကြားဖူမှာပါ သူေဋ္ဌးအိုတဲ့ မင်းအဖေရဲ့ရန်သူဆိုလဲဟုတ်တယ် "

ဂျောင်းဟန် စိတ်ထဲလန့်သွားပေမဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ကာ

" ခင်ဗျားက ဘာလိုချင်တာလဲ"

"မင်းကို သတ်ပြီ မင်းအဖေကို လက်စားချေချင်တာကွာ ဒါပေမဲ့မြန်မြန်သတ်ပေးလိုက်ရင်ဘယ်ပျော်စရာကောင်းတော့မလဲ"

" ကျတော့်ဖေဖေ အခုဘယ်မှာလဲ ခင်ဗျားသိနေတယ်မလား"

"သိတာပေါ့ မင်းဖေဖေကောမင်းညီမလေးကောဘယ်နေရာမှာရှိလဲငါသိတယ်ကောင်လေး"

"သူတို့ ဘယ်မှာလဲဟင်"

သူေဋ္ဌးအိုက ဖြည်းဖြည်းချင်းရယ်လိုက်ရင်းမှ

" သိချင်ရင် ပြောပြရမှာပေါ့ကောင်လေးရယ် မင်းဖေဖေကောမင်းညီမလေးကောက ဟိုး တမလွန်မှာလေ အခုလောက်ဆို မင်းမေမေနဲ့တွေ့နေလောက်ပြီပေါ့ အိုး ပျော်စရာကောင်းမှာပဲနော်"

ကြားလိုက်ရသည့် စကားများကို မယုံသလို ဂျောင်းဟန် ခေါင်းကို ခါယမ်းလိုက်မိသည်။ မဖြစ်နိုင်တာ လိမ်နေတာဖြစ်မယ်

"ခင်ဗျား ဘာတွေပြောနေတာလဲ"

"မင်းသိပ်ချစ်တဲ့မင်းဖေဖေကော မင်းညီမလေးကော ငါ့လက်နဲ့ကိုယ်တိုင်သတ်ပေးလိုက်တာလေ ပျော်ဖို့မကောင်းဘူးလား"

"ခင်ဗျား"

ပရိုဂျက်တာကနေ ပြလာသည့် ဗီဒီယိုထဲမှာ ဖေဖေနဲ့ညီမလေးအလောင်းတွေကို မြုပ်နေသည့်ပုံရိပ်တွေက ဂျောင်းဟန် ရင်ဘတ်ကိုဓားနဲ့ဆက်တိုက်ထိုးခံနေရသလို နာကျင်စေသည်။

ရင်ဝအထိ စို့တက်လာတဲ့ ဝမ်းနည်းမှု မယုံကြည်နိုင်မှုတွေကြောင့် စကားပင် ဆက်မပြောနိုင်အောင် ဂျောင်းဟန်စိတ်ကို ထိခိုက်စေခဲ့လေသည်။

" မင်းကိုတော့ ငါဖြည်းဖြည်း သတ်ပေးမှာပါ စိတ်မပူပါနဲ့ "

"ခင်ဗျားကအရမ်းယုတ်မာတာပဲ"

O P P O S I T E  (Completed)Where stories live. Discover now