🕊️Part-(22)🕊️

101 8 0
                                    

Appa တို့ဘာတွေပြောနေကြတာလဲ ဘာက အရမ်းမိုက်တဲ့မြင်ကွင်းဖြစ်နေမှာလဲ ကျွန်တော်လဲ အရမ်းကိုသိချင်နေမိပြီ....

"ဟျောင့် အဲ့ဒါ Kim gp ကကားမလား မင်းဘာတွေကြံစည်ထားတာလဲ...ပြီးတော့သူက ငါတို့သူငယ်ချင်းပဲလေ..."

"ငါ့ကိုပါ အမှုပတ်အောင်လုပ်နေတာလား... ဒီမှာ မင်းနဲ့ငါ ခင်တာကခင်တာပဲနော်..မင်းကိစ္စထဲ ငါ့ကိုဆွဲမထည့်နဲ့..."

"မင်းအရမ်းစကားများတဲ့ကောင်ပါလား... ကားကို မှီအောင်သာလ်ိုက်မောင်းစမ်းပါ..."

"ကျစ် မင်းကွာ ဘာတွေလုပ်ထားလို့ အဲ့လောက် အသဲသန်ဖြစ်နေရတာလဲကွာ တကယ်ပါပဲ...."

ခနအကြာမှာ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက....
ကားတစ်စီးလုံး လေပေါ်မြောက်တတ်သွားပြီး ကျယ်လောင်သော အသံကြီး အဆုံး မြေပေါ်သို့ ပြန်လည်ပြုတ်ကျလာတဲ့ ကား....

မီးခိုတွေ တလှိုင်လှိုင် ထွက်နေပြီး အခုနက ကြားခဲ့ရတဲ့ အသံအရှိန်ကြောင့်ခနတာ နားတွေအူထွက်သွားပြီး မောင်းနေတဲ့ကားကို မနည်းမဝေး အခြေနေလောက်မှာ ရပ်ချလိုက်ရသည် ။ မျက်စိကို စုံမှိတ်ထားမိသည်မှာအမှန်ပင် ။ ခနတာ ငြိမ်သက်နေလိုက်မိပြီး ယုတ်မာသော ရယ်သံကြောင့် မျက်စိဖွင့်လိုက်ရာ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက....

"ဟျောင့် Bin မင်း ဒါ မင်း လူ လူသတ်မှုနော်..."

"မင်းရဲ့ အဲ့ပါးစပ်ပေါက်ကို ပိတ်မလား ငါပိတ်ပေးရမလား"

"မင်း လူမဆန်လိုက်တာကွာ မင်းနဲ့သူက သူငယ်ချင်းတွေ မဟုတ်ဘူးလား..."

"သူငယ်ချင်းဟုတ်လား... ဟုတ်မယ်နဲ့တော့ တူပါတယ်... ဟဟ သူငယ်ချင်း"

"Bin မင်းကို ငါဒီတိုင်းမထားဘူး တခုခုလုပ်ရလိမ့်မယ် မင်းဒီကိစ္စကို ဒီတိုင်းကျော်သွားလို့မရဘူး..."

"မင်းဘာကြောင့်...သူကို အခုလိုမျိုး သတ်လိုက်ရတာလဲ သူမှာလဲ မိသားစုရှိတယ်လေ...သူမိန်းမက ငါကြားမိသလောက် ကိုယ်ဝန်ကြီးနဲ့ကွ..."

"ဟဟဟဟဟဟ ငါသိတယ်လေကွာ... အဲ့ ကိုယ်ဝန်နဲ့ဆိုတဲ့ မိန်းမကို ငါအရယူချင်လို့ကွာ...ပြီးတော့ ငါ့လုပ်မဲ့ စီးပွါးရေးကို အရှေ့ကနေ ကန့်လန့်ကန့်လန့်လုပ်နေလို့ကွာရှင်းလား...."

Stay with me //TK//Where stories live. Discover now