🕊️Part-(23)🕊️

85 6 0
                                    

ကျွန်တော် ခဗျားတို့ကို ဝန်ခံစရာ တခုရှိတယ် ။ ကျွန်တော်လေ Hyung မဟုတ်ဘူး ကျွန်တော့်အချစ် အချစ်နဲ့တွေ့ဖို့ ကျွန်တော် နဲနဲတော့ရှိန်နေမိတယ် ။
သူကကျွန်တော့်ကို ချစ်သေးရဲ့လား သတိကောရလား အတွေးပေါင်းစုံနဲ့ ဗြာများနေတာ အာ့ကြောင့်လဲ အခုမလိုက်သွားလိုက်ဘူးလေ ။

"Mr.Jeon...ကျွန်တော် ဝင်လာခဲ့လို့ရမလား..."

"ဝင်ခဲ့ပါ..."

"ကျွန်တော်တို့ Mr.Jeonပြောတဲ့အိမ်ကို ရောက်ခဲ့ပါတယ်...ဘေးခင်းလုံခြုံဖို့လဲ အကုန်လုပ်ပေးခဲ့ပါတယ်..."

"အချစ်...မဟုတ်ဘူး နစ်နာသူမိသားစုကော အဆင်ပြေကြရဲ့လား..."

"အမေဖြစ်သူကတော့ ကျေးဇူးတင်စကားတွေပြောလိုက်ပါတယ်...သားဖြစ်မယ်နဲ့တူတယ် ခပ်ချောချော အကိုတယောက်ကတော့ Mr.Jeonကိုမေးနေပါတယ်..."

"ဟမ်...ဟုလား သူကငါ့ကိုမေးတယ်ပေါ့ ငါဆိုတာကိုသိသွားတာလား...ငါ့ကိုသတိနေတာလား...ဘာပြောသေးလဲ...သူပြောသမျှအကုန်သာပြောကွာ..."

"Mr.Jeonကို သိလောက်ပါတယ် တီဗီအစီစဉ်မှာ တိုက်ရိုက်ပြသခဲ့တာပဲလေ..."

"Mr.Jeonမပါလာဘူးလားမေးပါတယ်...မျှော်လင့်နေခဲ့တဲ့ပုံပါပဲ...ကျွန်တော် လွတ်လို့လာရတာပြောတော့...ကျွန်တော်တို့ကို ဆူပုပ်ဆောင့်အောင့်ပြီး ထွက်သွားပါတယ်..."

"ဒါအကုန်ပါပဲ...Mr.Jeon"

"ဟုတ်ကျေးဇူးတင်ပါတယ်...တာဝန်ကျေပါတယ်...ဒါနဲ့ ကျွန်တော့်ကို Mr.Jeonလို့ ခနခနမခေါ်ပါနဲ့လား ကျွန်တော်လဲနေရခက်တယ်"

"အာ အဲ့လိုဖြစ်သွားတာလား တောင်းပန်ပါတယ် ကျွန်တော်က ရိုသေသမူနဲ့ ခေါ်လိုက်တာပါ...ဒါဆို Jungkook shiiလို့ခေါ်မယ်နော်..."

"ပထမဟာထက်စာရင်တော့ အခုဟာကပိုအဆင်ပြေပါတယ်...ရပါတယ် အဲ့လိုပဲခေါ်လေ..."

"ဟုတ် ကျွန်တော့်ကို သွားခွင့်ပြုပါအုံး..."

Jungkook ဖုန်းမြည်လာပါတယ်။ contact ကိုကြည့်မိတော့ Appaတဲ့....

ကျွန်တော်ဖုန်းဆက်ရမှာကို သတိလက်လွတ်ဖြစ်သွားခဲ့တာပဲ ။ Appa တို့စိတ်ပူနေတော့မှာပဲ အကျိူးအကြောင်း စောင့်နေလောက်တဲ့ဟာကိုး အချစ်နောက်ကိုလိုက်နေမိတာနဲ့ မိဘတွေကိုပါ ခနမေ့သွားရတဲ့အဖြစ်ပါလား Jeon Jungkook ရဲ့

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

Stay with me //TK//Where stories live. Discover now