1

300 13 2
                                    

"အဲ့တာဘယ်လဲ ဗာဒင်!"

ကျယ်ဝန်းလှတဲ့အိမ်ကြီးရဲ့ဧည့်ခန်းကဆိုဖာမှာထိုင်နေသည့်အသက်အရွယ်အားဖြင့်၅၀လောက်ရှိပြီးဖြစ်တဲ့ဗာဒင်၏ဖခင်"ဉီးထည်ဝါမိုးခန့်"သည်ဧည့်ခန်းထဲဇနီးဖြစ်သူနဲ့စကားပြောနေတုန်းသားဖြစ်သူကအပြင်သွားရန်ပြင်နေသည့်အတွက်လှမ်းမေးလိုက်ခြင်းပင်။

"ကျစ်!"

ဖခင်ဖြစ်သူစကားကြောင့်"ကျစ်"တစ်ချက်စုတ်သက်၍ဖအေဖြစ်သူဘက်လှည့်လာ၏။

"ဒါဘယ်အချိန်ရှိလို့မင်းကအပြင်သွားမှာလဲကွ!ဟမ်!"

"ဘာလဲအဖေရာ!နာရီကဟိုးမှာတပ်ထားတယ်မလား!အဖေ့လက်မှာလည်းရှိရဲ့သားနဲ့မေးနေသေးတယ်!"

"ဘာကွ!"

"ကဲ..ကဲပါဖေကြီးရယ်!စိတ်လျော့ပါ"

ထဖို့ပြင်နေသည့်ခင်ပွန်းဖြစ်သူကို"ဒေါ်စံပယ်ခတ်"ကပဲတားရတော့သည်။နောက်မို့ဆိုဒီသားဖတွေညကြီးအချိန်မတော်ရန်ဖြစ်ကြအုန်းမှာ။စိတ်လည်းညစ်ပါရဲ့ရှင်ညစ်ပါရဲ့။

"မင်းသားလုပ်ပုံကိုကြည့်လေ!ဖအေကိုဖအေမှန်းမသိ!ငါဖအေကွ!ဖအေ!မင်းသူငယ်ချင်းမှတ်နေလား!"

"သိပါတယ်ဗျာ!သိပါတယ်..ဒါပဲမလားအပြင်သွားမယ်!"

"ဟျောင့်!ဒီလောက်ပြောနေတာကို!မင်းမသွားရဘူး..အခန်းထဲပြန်သွား!"

"မသွားဘူးဗျာ!ကျွန်တော့်သူငယ်ချင်းတွေနဲ့ချိန်းထားတာဗျ"

"သူငယ်ချင်း?တစ်ခါလာလည်းသူငယ်ချင်းနှစ်ခါလာလည်းသူငယ်ချင်း!မနေ့ကလည်းအိမ်ပြန်မလာအခုလည်းထပ်သွားမယ်။မင်းအိမ်ကပ်တယ်ကိုရှိဖူးလားကွ!"

"ကျစ်!ကျွန်တော်ကလေးမဟုတ်တော့ဘူး!အမေပြောအုန်းဗျာ အမေ့ယောင်္ကျားကို!"

"သားရယ်..အိမ်မှာပဲနေလိုက်ပါတော့လား၊မနေ့ကလည်းအိမ်ပြန်မအိပ်ဘူး..ဒီနေ့တော့..."

"ဟာဗျာ!မနေဘူး!တားလည်းသွားမှာ...အမေတို့ကဟုတ်ကိုမဟုတ်တာ!"

အဲ့လိုပဲဗာဒင်ဆိုတာအဲ့လိုပဲ!ဖအေစကားဆိုနားမထောင်မအေစကားဆိုနားမဝင်။ဒီအိမ်မှာလည်းဘယ်တော့များရန်ဖြစ်သံတွေတိတ်မလဲပဲ။

ပြည့်တန်ဆာWhere stories live. Discover now