2

147 5 0
                                    

ဂုဏ်ခေါ်လာတဲ့အတိုင်းနှောင်းကမျက်ရည်ဆက်လက်နှင့်လိုက်လာလေသည်။ငိုရတဲ့အကြောင်းရင်းသူ့ညီမကြောင့်ပေါ့...သွန်သင်ဆုံးမမှု့မရှိတော့ရိုင်းတာမဆန်းပါဘူး။

ဂုဏ်မှာကဖေဖေနဲ့မေမေရှိတယ် ‌အဖေကကားမောင်းစားပြီးသူကbarမှာစားပွဲထိုးလုပ်ပါသည်။အရင်က အမေကမုန့်တီဆိုင်လေးဖွင့်ထားပေမဲ့ လွန်ခဲ့တဲ့လတွေတုန်းကကျန်းမာရေးသိပ်မကောင်းလို့အဖေနဲ့သူကအတင်းနားခိုင်းထားတာပင်။ဒါမဲ့အမေကမနားဘူးလုပ်နေတာလေ၊သေချာနားချမှနားတာ။

သူနဲ့အဖေအလုပ်သွားရင်အိမ်မှာအမေတစ်ယောက်ထဲကျန်ခဲ့တာ စနေ တနင်္ဂနွေဆိုရင်တော့နှောင်းညီမလေးမိုးစံကလာလာတက်သည်။ဂုဏ်တင်မိုးစံကိုကြည့်လို့မရတာမဟုတ် အဖေနဲ့အမေပါကြည့်လို့မရတာပေ။အဲ့ကောင်မလေးကရီးစားကိုတစ်ခါတစ်လဲလဲတွဲတာအရွယ်နဲ့တောင်မလိုက်၊သူအကို ကိုသာပြောတာသူကိုယ်တိုင်မိန်းမပျက်ဖြစ်နေတယ်ဆိုတာသူမသိ။အဲ့တာကိုနှောင်းကသိပုံမပေါ်ပေ၊နှောင်းကအရမ်းအယုံလွယ်ပြီး"အ"သည်။

"မေမေ"

ဂုဏ်လည်းအိမ်ပေါ်တက်ပြီးအမေကိုအော်ခေါ်လိုက်။သူတို့အိမ်ကပျဉ်ထောင်အိမ်လေးပင် အိမ်ကတော်တော်တောင်ဟောင်းနေပြီးဆိုရမည်။သူပိုက်ဆံတွေစုစုနေတာလည်းအိမ်အတွက်လည်းပါသည်၊အဖေကလည်းအိမ်ကိုပြင်ချင်နေတာ ရောပိုက်ဆံမစားရက်မသောက်ရက်သဲကြီးမဲကြီးစုနေကြတာလေ။ကျွန်တော်ကတော့တစ်စုံတစ်ဉီးအတွက်ပေါ့.....သားမိုက်ကိုခွင့်လွှတ်ပါအဖေနဲ့အမေရယ်!

"အေး...!သားငယ် ဘယ်နှယ့်တုန်း!အစောကြီးရှိသေးတာ အလုပ်ပိတ်တာလားကွယ့်"

"မဟုတ်ဘူးအမေ သားနှောင်းကိုခေါ်လာတာ၊အခုပြန်သွားမှာ"

"အော်....သားနှောင်း‌ နေမကောင်းဘူးလားကွယ်၊မျက်နှာလေးကဖြူဖျော့နေရော"

အမေကနဲ့ကျွန်တော်ကနှောင်းကိုဘုရားစင်ရှေ့တွဲခေါ်၍ထိုင်စေသည်။နှောင်းကအိမ်ကိုပထမဆုံးရောက်ဖူးတာတော့မဟုတ်ပေ၊ငယ်ငယ်ထဲကလာဖူးတာ...သူဒီအလုပ်လုပ်တော့မလာရဲတော့တာ၊အခုမှပြန်လာဖြစ်တာရယ်။

ပြည့်တန်ဆာWhere stories live. Discover now