2

178 40 0
                                    

[Unicode]

ရှဝမ်နန်သည် ဘီတာတစ်ဦးဖြစ်ပြီး သူ့မှတ်ဉာဏ်အရဆိုလျှင် တက္ကသိုလ်ဒုတိယနှစ်တက်နေတုန်းပဲ ဖြစ်သင့်သည်။ အသက်နှစ်ဆယ်ပင် မပြည့်လောက်သေး။

ထို့ထက်ပိုဆိုးသည်က သူ့မှတ်ဉာဏ်တွေ အမှန်တကယ် ဝေဝါးနေခြင်းဖြစ်သည်။ မနေ့ကဖြစ်ခဲ့သော ကိစ္စများသည်လည်း မနေ့ကလို မခံစားရဘဲ အတိတ်တစ်ချိန်က ဖြစ်ပျက်ခဲ့သလို ထင်ရ၏။ သူ့မှတ်ဉာဏ်တွင် လစ်ဟင်းမှုရှိနေတာ မှန်သော်လည်း...

အတိတ်တစ်ချိန်က ဘာတွေဖြစ်ပျက်ခဲ့လို့များ သူ အခုလို ဆေးရုံပေါ်ရောက်နေပြီး အယ်လ်ဖာအမျိုးသားတစ်ယောက်နဲ့ လက်ထပ်ထားတာပါလိမ့်။

သူ့ခေါင်းထဲ ကြည်ကြည်လင်လင်မရှိဘဲ ထွေပြားနေဆဲ။ မင်လုချွမ်း ထွက်သွားပြီးနောက် ရှဝမ်နန် မှေးခနဲအိပ်ပျော်သွားခဲ့ကာ ပြန်နိုးလာချိန်မှာတော့ အခန်းတွင်း အလင်းရောင် အနည်းငယ် မှိန်နေပြီဖြစ်ပြီး မှန်ပြတင်း၏ ပြင်ပက လောကကြီးသည်လည်း မှောင်မည်းနေခဲ့ပြီ။

လောလောဆယ် သူ့ကုတင်ဘေးမှာ လူတွေ ရှိနေသည်။ IV drip ကို ညှိပေးနေသော သူနာပြုတစ်ဦးရယ်၊ နောက်တစ်ယောက်က- လင်ရှုချိုး။ ခါးအသာကိုင်းရင်း လင်ရှုချိုးက ရှဝမ်နန်၏ ရင်ဘတ်ပေါ် နားကြပ်ထောက်ထားကာ စမ်းသပ်ပေးနေသည်။ ရှဝမ်နန်၏ မျက်လုံးများ အသာပွင့်လာတာကိုလည်း မြင်ရော ထိုဆရာဝန်မျက်နှာမှာ အိုးတိုးအမ်းတမ်းဖြစ်သွားလျက်။

ရှဝမ်နန်က ခေါ်လိုက်သည်။

"လင်ရှုချိုး"

လင်ရှုချိုးက ခေါင်းတစ်ချက်ညိတ်ကာ နားကြပ်ကို ပြန်ရုပ်၍ ကိုယ်မတ်လိုက်သည်။

သူနာပြုဆရာမလေးက တွန်းလှည်းကို ဆွဲယူသွားပြီးနောက် မထွက်သွားခင် ပြောလေ၏။

"ဒေါက်တာလင်၊ ကျွန်မ အရင့်သွားနှင့်မယ်‌နော်"

လင်ရှုချိုးက ခေါင်းညိတ်လိုက်ပြန်ကာ ရှဝမ်နန်၏ ကုတင်ဘေးမှ တစ်လက်မတောင် မရွေ့ချေ။

အခန်းထဲမှာ နှစ်ယောက်တည်းကျန်တော့တာမို့ ရှဝမ်နန် မေးလိုက်သည်။

တစ်ဖက်တည်း ဦးတည်သောလမ်း || ဘာသာပြန်Where stories live. Discover now