4

136 37 0
                                    

[ Unicode ]

"ဝမ်နန်"

ထိုအိုမီဂါက ရှဝမ်နန်ကို ညင်သာစွာ ပြုံးပြပြီး ပန်းစည်းနှင့်အတူ ပြတင်းပေါက်နားသို့ ချဉ်းကပ်သွားကာ ဘောင်အောက်ခံအနားသတ်တွင် ပန်းစည်းကို ဂရုတစိုက် မှေးတင်လိုက်သည်။

ပန်းများက အလွန်လှပကာ ပန်းစည်းတစ်ခုလုံး အရောင်လွင်လွင် ပန်းပွင့်စုံဖြင့် ရိုးရှင်းစွာ တင့်တယ်နေလျက်။ ပန်းစည်းတစ်ခုတည်းနှင့်ပင် ပြတင်းပေါက်ဘောင်တစ်ဝက်ကျော်လောက်ကို နေရာယူသွားလေပြီ။

ထို့နောက် အိုမီဂါ‌လေးက ရှဝမ်နန်၏ကုတင်နားသို့ လျှောက်လာကာ အပေါ်ကနေ မိုးကြည့်သည်။ ထိုကောင်လေး နီးကပ်လာသည်နှင့် လတ်ဆတ်သန့်စင်သော သစ်ရွက်နံ့လို ဖယ်ရိုမုန်းရနံ့ဖျော့ဖျော့ကို ရှဝမ်နန် ရလိုက်ကာ ထိုရနံ့မှာ အနည်းငယ်မျှပင် ရန်လိုခြင်းမရှိ။

"မင်း ဘယ်လိုနေသေးလဲ"

အိုမီဂါက မေးသည်။

ရှဝမ်နန် ထိုကောင်လေးကို ဖျတ်ခနဲကြည့်လိုက်ပြီးမှ ဘေးမှာရပ်နေသော မင်လုချွမ်းထံ မျက်လုံးရောက်သွားကာ

"နေလို့အဆင်ပြေပါတယ်"ဟု ပြန်ဖြေလိုက်၏။

အိုမီဂါက ရှဝမ်နန်၏ အမူအရာကို လေ့လာနေရင်း တစ်ခဏကြာသောအခါ ဇဝေဇဝါ မေးသည်။

"ဘာဖြစ်လို့လဲ၊ မင်း တစ်နေရာရာထိခိုက်ထားလို့လား"

မင်လုချွမ်းက ဝင်ပြောလိုက်၏။

"သူ အတိတ်မေ့သွားတာ"

"အတိတ်မေ့သွားတယ်?"

အံ့ဩမှုဖြင့် ထိုအိုမီဂါ၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။

အိုမီဂါလေး၏ မျက်ဝန်းများမှာ မင်လုချွမ်းနှင့် ဆင်နေသယောင်။

အံ့ဩထိတ်လန့်သွားဟန်အမူအရာက ထိုကောင်လေးမျက်နှာပေါ် ရှိနေဆဲ။

"ဘယ်လိုဖြစ်တာလဲ၊ ကားအက်ဆီးဒင့်ကြောင့်ပဲလား"

"ခေါင်းထိသွားတာ"

မင်လုချွမ်း ပြန်ဖြေလိုက်သော လေသံမှာ အေးအေးဆေးဆေးသာ။

"ဒါဆို မင်း ငါ့ကို ဘယ်သူမှန်း မသိတော့ဘူးပေါ့"

တစ်ဖက်တည်း ဦးတည်သောလမ်း || ဘာသာပြန်Where stories live. Discover now