2

475 33 2
                                    

"Satang အကိုကငါ့ကိုရေတိုက်တယ်သိလား ပြီးတော့.."

အရင်ရက်တုန်းက သူ့အကိုပေါက်စအိမ်ကို ရောက်ဖူးပြီးသွားတဲ့ Gemini က သူ fourth အိမ်မှာဖြစ်ခဲ့တဲ့ နာရီပိုင်းလောက်လေးကို ငါ့ကိုပြောပြောနေတာ ဒါနဲ့ဆို ၃ရက်ရှိနေပြီလေ။

"မင်း ရေမသောက်ဖူးဘူးလား မင်းပြောနေတာတွေ အကုန် ငါအလွတ်ရနေပြီ"

"ဘယ်တူမလဲကွ အကိုပေါက်စတိုက်တဲ့ သူ့အိမ်ကရေလေ"

"ရေ နင်ပြီးသေသွားရမှာ!"

ငါ နားတွေတကယ်ငြီးလာပြီမို့ ကလပ်အခန်းထဲကနေ ထွက်သွားဖို့ပြင်လိုက်သည်။

"ဟေး မင်းဘယ်သွားမလို့လဲ အကို့ဆီသွားမလို့လား ငါ့ကိုလဲခေါ်လေ"

ငါ အနောက်ကလိုက်လာတဲ့ကောင်ကို ဥပေက္ခာပြုကာ ကိုကို့ နားသွားလိုက်သည်။

"Satang မင်း မလေ့ကျင့်ဘူးလား"

ငါဖြေမလို့လုပ်နေတုန်း အနောက်က ရေတိုက်တာကို ၃ရက်လောက်ကြွားနေတဲ့ကောင်ဆီကအသံထွက်လာသည်။

"အကို fourth ကောဗျ"

"Fourth ကအခန်းထဲမှာ သူစာရေးနေလို့ ခနနေလာလိမ့်မယ်"

"အဲ့တာဆိုကျတော်ဒီမှာစောင့်လိုက်မယ်လေ ရလားဗျ"

"ရတာပေါ့ကွ"

ငါ့ကိုကိုဘေးနားဝင်ထိုင်ဖို့ပြင်နေတဲ့ gemini ကို
အချိန်မနှောင်းခင် ခြေထောက်နဲ့ကန်ထုတ်လိုက်ပြီး သူ့နေရာမှာငါဝင်ထိုင်လိုက်သည်။

"Satang! နာတယ်ကွ ဘော"

Satang လျှာထုတ်ပြလိုက်ပြီး ဘေးမှာရှိတဲ့ winny နဲ့စကားစပြောလိုက်သည်။အဲ့ Gemini ဆိုတဲ့ကောင်ကိုတော့ ဘာဖြစ်ဖြစ် satang ဂရုမစိုက်ပါ။

Gemini တစ်ယောက် သူ့အကိုပေါက်စကိုစောင့်ရင်း
ရေဆာလို့ ရေထုတ်သောက်ရင်း အကိုပေါက်စကိုသတိရမိသွားသည်။

အဲ့နေ့က ရေခွက်လာချပေး ပုံရိပ်လေးကို ငါ့ခေါင်းထဲမြင်ယောင်လာသည်။ရေခွက်ကလဲ snoopy ပုံပါတဲ့ခွက်လေးနဲ့ တကယ်ချစ်စရာလေးပင်!

Love at first sight [Complete]Where stories live. Discover now