8

276 37 2
                                    

ငါ အိမ်မှာစာလုပ်ရင်း ရုတ်တရက် phi ရဲ့ရှက်နေတဲ့မျက်နှာလေးကိုပြန်မြင်ယောင်လာကာ လွမ်းမိသွားသည်။

အချိန်က နာရီကျော်နေပြီမို့လို့ ငါ phi ရဲ့ အိမ်ကိုသွားဖို့ကလဲ မဖြစ်။အရမ်းလဲလွမ်းတာကြောင့် ငါ မနေနိုင်စွာ စာလှမ်းပို့လိုက်သည်။

📨(Gemini) - phi အိပ်ပြီလားဗျ

ငါ စာပို့ပြီး ဖုန်းကိုချကာ စာပြန်ကြည့်နေလိုက်သည်။စာကြည့်နေရင်း တဖက်ကစာပြန်မလားဆိုတာ စောင့်ဖို့ကိုလဲ ငါမမေ့ပါ။

ငါ အာရုံစိုက်မရ၍ စာလုပ်တာရပ်လိုက်သည်။ငါ့လက်တွေက phi ဆီကိုစာတွေဆက်ပြီးပို့နေပြန်ပြီ။

အတော်ကြာထိ ဖုန်းက နိုတီသံမကြားရတာကြောင့် ငါ နာရီကြည့်လိုက်တော့ ၁၀နာရီတောင်ထိုးနေပြီ။

အိပ်ရင်လဲ အိပ်လောက်ပြီပေါ့။

ငါ စာအုပ်တွေပြန်သိမ်းရင်း အိပ်ဖို့လုပ်နေပေမဲ့ ငါ့စိတ်တွေက phi ဘက်ကစာပြန်ဖို့ကိုဘဲ မျော်လင့်နေမိသည်။

ငါ အိပ်ရာပေါ်လှဲနေတာတောင် အိပ်လို့မရခဲ့။ငါ အိပ်ပျော်သွားခဲ့ရင် phi စာပြန်တာကိုမသိမှာစိုးတဲ့ စိတ်ကြောင့်နဲ့ပင်။

"ဘာလို့ အဲ့လောက်တောင် စိုးမိုးထားရတာလဲ"

ရုတ်တရက် အကိုမနက်က ငါ့ကိုအူတိုတဲ့အကြောင်း ပြန်တွေးမိပြန်ပြီ!

အကိုက ငါ့ကိုအူတိုနေတာ..အကိုလဲ ငါ့အပေါ် ခံစားချက်တွေရှိနေပြီလား..

*တောင်*

ဖုန်းကနိုတီသံကြားလို့ ငါအပြေးအလွှားသွားကြည့်တော့ ငါ မျော်လင့်ထားတဲ့ လူဆီကမဟုတ်ခဲ့ပါ။

📨(satang)- အသေးကောင် ဆေးရုံရောက်နေတယ်

📨(gemini) - ဘယ်ဆေးရုံလဲ ငါ့ကိုမြန်မြန်ပြော

လိပ်စာအတိအကျရတာနဲ့ ငါ အမြန်ပင် အိမ်ကနေ ထွက်လာခဲ့သည်။အချိန်အားဖြင့် ၁၀နာရီထိုးနေပြီမို့ လမ်းမှာဘာကားမှလဲသိပ်မရှိ။

Love at first sight [Complete]Where stories live. Discover now