part-2

580 8 2
                                    

Uni
_________________________________________
"ဆက်..! ဆက်အိမ်မှာအေးအေးဆေးဆေးနားပြီးမှဆက်ဆေးခန်းပြန်ထိုင်ခွင့်ရှိမယ်နော်။မေမေကော မမကောဆက်ကိုအိမ်မှာပဲနားစေချင်သေးတာ"

မမကြီးစကားကြောင့်ညစာစားနေသည့်ဆက်လက်တို့ခဏတာရပ်တန့်၍မျက်နှာချင်းဆိုင်ခုံမှာမမကြီးနဲ့ဘေးဦးတိုက်မှမေမေဆီအကြည့်ရောက်မိလေသည်။

"ကျတော်မနက်ဖြန်တစ်ရက်လောက်နားပြီးရင် ဖြိုးဝေနဲ့ဆေးခန်းပြန်ထိုင်မှာပါမမကြီး!နားတာကလည်း တစ်ရက်ဆိုကျတော့်အတွက်လုံလောက်ပြီမလို့ပါဗျ"

"အမယ်..ငါ့မောင်လေးကလည်း တကယ်ပြောရမလွယ်လိုက်တာ။ကဲပါ ဖြိုးဝေနဲ့အတူဆိုတော့လည်းခွင့်ပြုရမှာပေါ့။မနက်ဖြန်ကျရင်ဟိုတယ်ကိုလာခဲ့အုံးလေဆက် မင်းလေ့လာချင်တာအကြံပေးချင်တာလေးတွေမမလည်းလိုချင်တာကြောင်​့"

"ဟုတ်ကဲ့မမကြီး။မနက်ဖြန်ကျတော်လာခဲ့လိုက်ပါမယ်"

မမကြီးကခေါင်းလေးငြိမ့်ပြပြီးထမင်းဆက်စားလေသည်။
ဘာရယ်မဟုတ် ဆက်မျက်လုံးကမမကြီးဘေးနားထိုင်ကာနေသူကိုကြည့်မိတော့ ဆက်နဲ့ဗဟိုလ်မျက်လုံးချင်းအကြည့်ချင်းဆုံ၏။
မဟုတ်သေးဘူး အစကမမကြီးနဲ့စပြောကထဲကဗဟိုလ်ကိုယ့်ကိုကြည့်နေခဲ့တာကိုယ်သတိထားမိခဲ့တယ်မလား။
ဆက်တစ်ချက်ပြုံးပြီးအကြည့်လွှဲလိုက်၏။

"ပုဇွန်တွေမစားနဲ့!မတည့်ပဲနဲ့"

မမကြီးချက်ပေးထားတဲ့ပုဇွန်ဟင်းဆီလက်အလှမ်းမှာပဲဟန့်တားသံပြတ်ပြတ်ကြောင့်ဆက်လက်တို့လမ်းတစ်ဝက်တင်ကတိကနဲပြတ်ကျသွားတာ​တော့အမှန်။

"ဟယ်..ဟုတ်သားပဲ! ဆက်ကပုဇွန်နဲ့မတည့်တာကိုမစားနဲ့လေဆက်ရယ်။ဒါကဗဟိုလ်အတွက်ချက်ပေးထားမိတာ ဆက်အတွက်ကဝက်အသားပေါင်းလေးလုပ်ပေးထားတယ်လေနော်။ကြက်ကာလသားကောရှိတာပဲ တည့်တာပဲစားလေဆက်"

မမကြီးကပါဝင်တားလာလေတာကြောင့်ဆက်ပြုံး၍သာဟင်းခွက်နှိုက်ရန်ပြင်နေသည့်လက်တို့ကိုရုတ်သိမ်းမိ၏။ မမကြီးကောအမေကောဆက် ပုဇွန်နဲ့ဓတ်မတည့်တာကိုသိတာမှန်ပေမဲ့ အခုလိုဗဟိုလ်ကဘယ်လိုလုပ်အတိကျသိပြီးထပြောနိုင်ရတာလဲ။

The Last Love ( BL )Donde viven las historias. Descúbrelo ahora