part-4

568 10 1
                                    

Uni
___________________________________________
စားပွဲခုံပေါ်တင်ထားသည့်ဖုန်းမြည်သံကြောင့် ဆက်ရေချိုးခန်းထဲကအမြန်ထွက်လာပြီးကိုင်လိုက်လေသည်။

"ဆက်..!ခဏနေဗဟိုလ်ကိုခေါ်ပြီးအောက်ဆင်းခဲ့တော့ ရေကျချိန်သွားမှအဆင်ပြေမယ်ကြောင့်"

"အာ..ဟုတ်ကဲ့မမကြီး။ကျတော်တို့ခဏနေဆင်းခဲ့လိုက်ပါမယ်ဗျ"

မမကြီးဆီကဖုန်းကျသွားတာနဲ့ရေချိုးခန်းထဲပြန်ဝင်ပြီးရေပြန်ချိုးဖို့ပြင်ရလေသည်။
အိပ်ယာပေါ်မှလူဆီတစ်ချက်ကြည့်ခဲ့လိုက်တော့ အိပ်မောကျနေဆဲပဲမလို့မနှိုးသေးပဲရေအရင်သာချိုးလိုက်၏။

"ရေချိုးနေတာလား! တံခါးဖွင့်အုံး"

"ဟမ်..!

အပြင်မှတံခါးခေါက်သံကြောင့်ရေချိုးလက်စနဲ့ဆက်မှာကြောင်တောင်တောင်ရယ်။
အောက်ပိုင်းကိုသဘက်ဖြင့်ပတ်လိုက်ပြီး အခန်းတံခါးဖွင့်လိုက်တော့ ဆက်ကိုကြည့်နေသည့်မျက်ဝန်းတွေကမှုံကုတ်ကုတ်ရယ်။

"နိုးပြီလားဗဟိုလ်။ရေချိုးမလို့လား ကိုယ်ချိုးနေတာကြောင့်ခဏလေးပဲစောင့်ပေးနော်"

"အတူချိုးမယ်"

"ဟမ်..ဘယ်လို"

ဆက် စကားမဆုံးခင်မှာပဲဆက်ကိုယ်လုံးကိုအတင်းနောက်ဆုတ်ခိုင်းပြီးရေချိုးခန်းထဲဝင်လာသူကြောင့် ကိုယ့်မှာကြောင်တောင်တောင်ရယ်။

"ဗဟိုလ် ပြီးမှချိုးလေ။ကိုယ်တစ်ယောက်ထဲပဲချိုးချင်တယ်""

"ကြာတယ် အမေကခေါ်နေပြီမလား။မြန်မြန်ချိုးပြီးသွားရမယ်ကို လာ"

သူဝတ်ထားသည့်ရှပ်အကျီ်ကိုဆွဲချွတ်ချလိုက်ပြီးနောက်ရေပန်းအောက်ကိုဆက်ကိုပါဆွဲခေါ်သွားခြင်းခံရလေသည်။

ဆက် ရေတွေသာရွှဲနေပေမဲ့ခုထိငြိမ်နေမိဆဲ။ ဗဟိုလ်က​တေ့ဆက်နောက်မှနေပြီး ချိုးနေပုံကပုံမှန်လိုပင်။ကိုယ်ကသာ စိတ်ထဲရှက်တာလိုလိုဘာလိုလိုနဲ့ပူထူနေမိတာကြီးက။

"ဗဟိုလ်..!ကိုယ့်ဟာကိုတိုက်"

ရုတ်တစ်ရက် ဆက်ဂုတ်သားပြင်ပေါ်ကျရောက်လာသည့်ရေချိုးဆပ်ပြာရည်နှင့်ဗဟိုလ်လက်များကြောင့် ဆက်နောက်ပြန်လှည့်ပြီးတားဖို့ကြိုးစားလိုက်၏။သို့သော်...

The Last Love ( BL )Where stories live. Discover now