Unicode

လူပျိုလှည့်တေး

အပိုင်း


ကျင်းရှီနှင့် သူမ၏သူငယ်ချင်းများသည် ယောကျ်ားလေးအဆောင်ရှစ်၏ အဝင်ဝတွင် ရပ်နေကာ “ချစ်စရာကောင်းတဲ့ ကျောင်းသူသစ်လေးတွေကို ယောကျ်ားလေးအဆောင်ရှစ်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် တက်ကြွမှုအပြည့်နဲ့! ဟုတ်တယ်!” ဟူသော ကြီးမားသော ဆိုင်းဘုတ်ကို ကြည့်ရင်း ဖတ်နေကြသည်။

ကျင်းရှီတို့လည်း ထိုရေးထားသောစာများ အားလုံးကို သံသယစိတ် မဝင်ပဲ မနေနိုင်ပေ။ ထိုဆိုင်းဘုတ်များအပြင် အဆောင် ပြတင်းပေါက်များနှင့် လသာဆောင်များကို လေတိုက်လျှင် လှုပ်ခါသွားနေသော ပန်းရောင်ပူဖောင်းများဖြင့် တန်ဆာဆင်ထားသည်။

ချူးကျောက်သည် ကြောက်လန့်တကြားနှင့် နောက်ဆုတ်လိုက်ပြီး “ငါတို့တွေ ဘာလို့ ဒီလိုအဆောင်ကြီးကို ပြောင်းလာရတာလဲ” ဟုမေးလိုက်သည်။

လင်းလောလည်း တုန်လှုပ်ခြောက်ခြားသွားပြီး ပြန်ဖြေလိုက်သည်။ “ငါလည်း မသိတော့ဘူး။ အမျိုးသား ကာကွယ်ရေးနဲ့ အားကစား အကယ်ဒမီက လူတွေက တော်တော် စိတ်အနှောင့်အယှက်ဖြစ်စရာပဲ”

ကျင်းရှီသည် နှာခေါင်းစည်းကို တိတ်တိတ်လေး ဝတ်ပြီး ပြောလိုက်သည်။ “ငါတို့တွေ မြန်မြန်ဝင်သွားကြရအောင်၊ ဒီမှာ ဒီလိုရပ်နေရတာ ရှက်စရာကြီး”

အတိုင်းမသိ ကြီးမားသော ဖိအားကို ခံစားရပြီး ကောင်မလေးများသည် ယောကျ်ားလေးအဆောင်ရှစ် ဝင်ပေါက်ဆီသို့ လေးလံသောခြေလှမ်းများဝင်ခဲ့ကြသည်။

ဝင်ပေါက်နားသို့ ရောက်လာသောအခါ အင်္ကျီအဖြူဝတ်ထားသော စီနီယာကျောင်းသား အများအပြားက ထိုကောင်မလေးများကို ကူညီပေးဖို့ စိတ်အားထက်သန်စွာ စောင့်နေကြသည်။

“မင်္ဂလာနံနက်ခင်းပါ လူသစ်လေးတွေရေ”

“မင်းတို့ရဲ့ ခရီးဆောင်အိတ်တွေကို ငါတို့ ကူသယ်ပေးမယ်လေ”

“မင်းတို့ရဲ့အဆာင်အခန်းက အခန်း၄၁၀၊ ငါတို့ မင်းတို့ကို ခေါ်သွားပေးမယ်လေ”

လူပျိုလှည့်တေး (ဘာသာပြန်)Where stories live. Discover now