Chapter 25

416 75 2
                                    

အခန်း ၂၅ တစ်စုံတစ်ဦးက မြေရောင်းမယ်

ကျင့်ယိက ရှားရှားပါးပါး ရှက်ရွံ့မှုကို ခံစားနေရပြီး ဖခင်နှစ်ဦးရှေ့တွင် အနည်းငယ် အဆင်မပြေမဖြစ်ဘဲ မနေနိုင်တော့ပေ။ သူ့က အသားအရည်ထူတယ်ဆိုရင်တောင်မှ တခြားသူရဲ့သားကို မိဘတွေရဲ့ရှေ့မှာ လှည့်စားနေရတာဆိုတော့ ဒီအချိန်မှာ စိတ်မသက်မသာ ခံစားနေရသည်။ ထို့ကြောင့် သူက ခေါင်းစဉ်ကို မြန်မြန် ပြောင်းလိုက်သည်။

"ဦးလေးလင်း၊ လင်းအားမူ၊ ကျွန်တော်တို့ မိသားစုက နောက်လ ငါးရက်နေ့မှာ အလုပ်နားကြမယ်လို့ တွေးထားကြတယ်။ ဦးလေးတို့မိသားစုအတွက် အဆင်ပြေရင် အဖေတို့ အမေတို့က နောက်တစ်ခေါက် လာလည်ချင်နေတယ်၊ အဖေက ဦးလေးနဲ့ အတူသောက်ချင်နေပြီး မမူးရင် မပြန်ဘူးတဲ့" ကျင့်ယိက ပြောလိုက်သည်။

ဒါကိုကြားတော့ ဦးလေးလင်းနဲ့ လင်းဖူလန်တို့ နှစ်ယောက်စလုံးက အံ့သြသွားကြသည်။ မိသားစုတစ်စုလုံး သွားရောက်လည်ပတ်ခြင်းက အလွန် ပုံမှန်ဆန်သော ကိစ္စဖြစ်သည်။ အထူးသဖြင့် ကျေးလက်ဒေသများမှ အပြန်အလှန် အဆက်အသွယ်ရှိသော မိသားစုများတွင် ဖြစ်သည်။

"ဒီတစ်ခေါက်တော့ ငါတို့က အစ်ကိုကျင့်နဲ့ ညီမချိုက်ယွင်ဆီကို အလည်လာတဲ့သူတွေ ဖြစ်သင့်တယ်၊ ငါတို့က မင်းရဲ့မိသားစုကိုဘဲ အမြဲတမ်း လာခိုင်းနေလို့ မရဘူး" လင်းဖူလန်က ကျင့်ယိကို ပြောလိုက်သည်။

သူငယ်ချင်းတွေက အချင်းချင်း အပြန်အလှန် လည်ပတ်သင့်တယ်၊ မဟုတ်ရင် သူတို့က သူငယ်ချင်း ဘယ်ဟုတ်တော့မလဲ။

"စိတ်မပူပါနဲ့ အားမူ။ အမေက အားမူနဲ့ အရမ်းရင်းနှီးနေတယ်လို့ ခံစားရလို့ လာလည်ချင်နေတာပါ။ ဘာမှ မဖြစ်ပါဘူး။ အဖေကလည်း ဦးလေးလင်းဆီကို နောက်ဆုံးအလည်အပတ် လာတုန်းက သူ အလျင်လိုနေခဲ့တာကြောင့် အဲဒါကိုပဲ စဉ်းစားနေတာ" ကျင့်ယိက သူတို့ကို ဖြောင့်ဖျလိုက်သည်။

ကျင့်ယိက သူ့နည်းသူ့ဟန်နဲ့ လူတွေကို ဆွဲဆောင်တက်တာကြောင့် "ကျွန်တော်တို့မိသားစုက ဒီကို လာလည်ပြီး ဦးလေးတို့ မိသားစုတစ်စုလုံးကို ကျွန်တော်တို့ အိမ်ကို လာလည်ဖို့ ပြန်ခေါ်သွားနိုင်တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့က တစ်ရွာနဲ့တစ်ရွာ သိပ်မဝေးဘူးလေ"

မြေရှင်ကြီးကျင့်နဲ့ သူ့ရဲ့ခင်ပွန်းလေးWhere stories live. Discover now