❤episode-43❤

4.8K 29 1
                                    

တစ်နှစ်ခန့်ကြာသော်.......

"ဟီး! Taye က နောက်ဆုံးတော့ ဒီက ညီလေးကိုကန်ထုတ်ပြီး စွန့်ထွက်ပြီပေါ့"

ရုတ်တရက် နွားမျက်နှာနဲ့ ထဖောက်လိုက်တဲ့
Minjunကြောင့် တေဇာ က မသိရင် ဘဝကူးသွားသလိုပင်ဖြစ်နေသည်။

"ဟေ့ကောင်၊ သူများတစ်ကာ က ကိုယ့်ကြိုးစားမှုနဲ့ ကိုယ် ရပ်တည်လိုက်တာကို မင်းက အားကျ အတုမယူပဲ၊ မျက်နှာလာပြောင်နေတယ်"

တေဇာ အိမ်ပြောင်းတော့မှာ ဖြစ်၍ Minjun တို့သားအဖ နှစ်ယောက်စလုံး အိမ်မှာ ရှိနေပေးကဿာ နှုတ်ဆက်နေကြသည်။

"အေးကွာ၊ Tayeရာ မင်းက တကယ် အရည်အချင်းရှိတဲ့ လူငယ်ပဲကွ၊ လေးစားပါတယ်ကွာ"

"ဟုတ်၊ကျေးဇူးတင်ပါတယ်၊ Mr.william ကျွန်တော့ကို ဒီမှာနေခဲ့စဥ်တစ်လျှောက်ကူညီပေးခဲ့လို့ကျွန်တော်က အမြဲ ကျေးဇူး အထပ်ထပ်တင်နေမိပါတယ်၊ အကူညီလိုရင်လည်း ပြန်ပြောပါဗျ၊ ကူညီပေးဖို့အသင့်ပါပဲ"

"အေးကွာ၊ မင်းဆီက ဒီလို စကားမျိုးကြားရတာနဲ့တင် စိတ်အေးနေရပြီ၊ မင်းက ငါတို့သားအဖ အတွက်တော့ မိသားစု ဝင်ဖြစ်နေမှာပါ"

သူတို့နှစ်ယောက်စကားပြောနေတာကို Minjunက

"အဖေတို့ကလည်းဗျာ၊ သားအရင်းဘယ်သူလဲတောင်မေးရမယ့်အဖြစ်၊ ကိုယ့်သားကိုယ်တောင် တစ်ခါမှမချီးကျူးဘူး"

"ချီးကျူးရအောင် မင်း က သူ့လို ကိုယ့်အားကို ကိုးလို့လား၊ အခုမင်းနေနေတာတောင်ငါ့ အိမ်လေ"

"ကျွန်တော် ကြိုးစားလိုက်ရင် တစ်ခြားသူတွေ လမ်းပိတ်ကုန်မှာစိုးလို့ ပါ အဖေရာ"

"ဒီခွေး..."

"ဟား ဟား!!"

"ကဲကဲ၊ ဒါဆို ကျွန်တော် သွားမယ်ဗျာMr.william"

"ကောင်းပြီကွာ"

"ငါသွားမယ် ဟေ့ကောင်၊ ပျင်းရင် လာလည်"

Bad Guy (လူဆိုး)Where stories live. Discover now