part (10)season 1

310 29 4
                                    

မိသားစုအိမ်တော်

ဒီနေ့က ပါးရဲ့မွေးနေ့မို့လို့ ပွန်တို့မိသားစုအိမ်တော်ကိုရောက်နေခြင်းဖြစ်သည်။

ခြံအကျယ်ထဲမှာကျင်းပသည့် မွေးနေ့ပွဲလေး စီးပွားရေးသမားမိတ်ဆွေများသာတတ်ရောက်ကြသည်။

*ခွန်ပန် ခင်ဗျား ဗျာအောင်မြင်နေလိုက်တာနော် ထိုင်းနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးသမားရာထူးကနေကိုမကျဘူး*

*ကံတရားတွေကြောင့်ပါဗျာ*

*ဟုတ်လို့လားဗျာ သားလေးကတော်နေလို့မဟုတ်ဘူးလား*

*ဟားး ဟုတ်မယ်ထင်တယ် ပွန်ကအရမ်းတော်တယ် စီးပွားရေးကိုအကောင်းဆုံးဦးဆောင်နိုင်တယ်*

*အမလေး ကံကောင်းတယ်ဗျာခင်ဗျာက သမက်ကလဲအအောင်မြင်ဆုံးအင်ဂျင်နီယာ သားကလဲအတော်ဆုံးစီးပွားရေးသမား ခင်ဗျာကအကောင်းတကအကောင်းဆုံးတွေကိုပဲရထားတာနော် ခွန်ပန်*

သခင်ကြီးလဲ ပြုံး၍သာနေလေသည်။တစ်ဖက်ကဝိုင်းတွေကိုဧည့်ခံပေးနေတဲ့သားလေးနဲ့သမက်လေးကိုတွေ့တော့ ရင်ထဲတွင်ကြည်နူးရပြန်သည်။အခုလိုပွန်ပျော်နေတာလေးကိုသူ့၏ဇနီးလေးရှိရင် မြင်စေချင်သည်။*သားလေးက မင်းလိုမျိုးလူတစ်ယောက်ကိုချစ်ရင် သိပ်ကိုချစ်တတ်တာပဲပင်းရယ်*ဟုခပ်တိုး"ရေရွတ်မိသည်။

။__________________________________။

ပါတီပြီးသွားတော့ မိသားစုတွေဧည့်ခန်း၌တူတူစကားတွေပြောနေကြသည်။

*သားတို့အိမ်ခွဲနေရတာ အဆင်ပြေရဲ့လား*

*ပြေပါတယ် ပါး ဒါပေမဲ့ သူများအပိုင်ကိုပိုင်ရှင်မရှိတုန်းလာရှုပ်တဲ့သူတွေရှိတယ်ပါး*

ပွန်ထိုနေ့ကကိစ္စကို ဖူ၀င်းလက်ကဒဏ်ရာကိုတွေ့လို့ မေးလိုက်တော့ဖူ၀င်းကပြောပြထားသည်။

*ဒါဆို ကိုယ့်အပိုင်ကိုသေချာဂရုစိုက်သားပွန်*

ပွန့်ရဲ့စကားကို နားလည်တဲ့ပါးကပြောလိုက်သည်။ထိုသားအမိကို သခင်ကြီးလဲသဘောမကျပါ ပွန့်အမေဆုံးတော့ ထိုမိန်းမကအခွင့်ကောင်းယူပီး သူ့အနားကပ်လာသည်။ထို့ကြောင့်သူကိုတာ၀န်ယူလိုက်ရသည်။အမှန်မှာကန်ကသာသူနဲ့ရတဲ့ကလေးပါ ရန်ကတစ်ခြားတစ်ယောက်ရဲ့သားဖြစ်သည်။

always (အမြဲတမ်း) season1+2Where stories live. Discover now