part(11) season2

577 48 3
                                    

တစ်လခန့်ကြာသော်

ဖူ၀င်းလူနာတွေနဲ့လူနာစောင့်တွေထိုင်တဲ့ခုံတန်းပေါ်မှာ ငူတူတူထိုင်နေသည်။ဒီတစ်လလုံးသူအိပ်ခဲ့ရတဲ့ရက်တွေကလက်ချိုးရေလို့ရလေသည်။ချစ်ရသူကိုဘေးကင်းကင်းနဲ့မြင်ရဖို့ကသူအတွက်အရမ်းအရေးကြီးတာမို့ အိပ်ပုတ်ကြီးလွန်းတဲ့သူက ဆေးရုံရောက်ပီးတစ်ပတ်ခန့်ကြာမှနိုးလာခဲ့တယ်။

ဒါပေမဲ့ သူသိပ်ချစ်ရတဲ့ သူကအခုထိအိပ်စက်လို့ကောင်းတုန်းထင်ပါရဲ့ ခင်ဗျားကျွန်တော့်ကို လက်စားချေနေသလားပွန်နာရာ၀စ် ခင်ဗျားကျွန်တော့်ကိုစောင့်ခဲ့သလိုမျိုး ကျွန်တော့်ကိုပြန်စောင့်ခိုင်းနေတာလား ဟုတွေးလိုက်မိသည်။

လက်မ ထိပ်နှစ်ခုကိုပွတ်သတ်ရင်းမျက်ရည်စတို့ကျမိပြန်သည်။သူမလိမ်ပါ သူပွန်နာရာ၀စ်ဆိုတဲ့လူသားကိုအရမ်းလွမ်းနေမိသည်။

The past

Korean Drama ကားကြည့်နေတဲ့ ဖူ၀င်းတစ်ယောက်ဘေးမှာအလုပ်တွေထိုင်လုပ်နေတဲ့ ပွန့်ကိုငဲ့စောင်းကြည့်လိုက်သည်။

*အလုပ်တွေမပြီးသေးဘူးလား phi*

*အင်း ခဏဆိုပီးပီ*

*ကျွန်တော့်ကိုရော အချိန်ပေးပါအုံးလားဗျာ*

*ဟော ကိုယ့်ကလေးရစ်ပီ *

*ဟုတ်တယ်လေ ခင်ဗျာကျွန်တော့်ကို အရင်လိုမချစ်တော့ဘူးလေ ဘာလဲအရင်လိုပြန်မုန်းပေးရမလားပြော*

ပွန်လက်တော့ကိုပိတ်ကာ ဖူ၀င်းအနားသို့တိုးထိုင်ပီး ခါးကိုဖတ်လိုက်သည်။

*မုန်းတော့မမုန်းပါနဲ့ဗျာ ကလေးကလဲချစ်တာပေါ့*

*ဘယ်လောက်ထိကျွန်တော့်ကိုချစ်နိုင်လဲ*

*အမြဲတမ်း*

*ဘယ်လောက်ထိချစ်လဲ*

ပွန်တစ်ယောက်ဖူ၀င်းရဲ့မျက်လုံးတို့ကို စိုက်ကြည့်ကာ တစ်ခွန်းထဲသောစကားကိုပြောလိုက်သည်။

*ကိုယ်မင်းအပေါ်ထားတဲ့အချစ်တွေက စကားလုံးနဲ့ဖော်ပြလို့မရပါဘူးကလေးရယ်*

ဖူ၀င်းအဖြေကိုသဘောကျသွားသည်ထင် ပွန့်ကိုပို၍တိုးဖက်လိုက်သည်။

always (အမြဲတမ်း) season1+2Where stories live. Discover now