*နေရောင်အောက်ကအနမ်းတစ်ပွင့်*

856 81 3
                                    

Unicode ........

"ထယ်ယောင်း ဒါဘာလုပ်နေတာလဲ....."

ဂျုံးဂုရဲ့စကားကိုမျက်ကွယ်ပြုပြီးခရီးဆောင်အိတ်ထဲသို့ ထယ်ယောင်းအဝတ်ကိုသာဆက်ပြီးထည့်နေလိုက်သည်။

ထယ်‌ယောင်းနား ဂျုံးဂုသွားလိုက်ပြီး လက်ကိုဆွဲကိုင်လိုက်ကာ

"ဒါ ဘာလုပ်နေတာလဲလို့ ငါမေးနေတယ်လေကင်ထယ်ယောင်း....."

ဂျုံးဂုရဲ့အော်သံကြောင့် ထယ်ယောင်းကိုယ်လုံးလေးတုန်ခါသွားခဲ့ရသလို ဒူးကလည်းချက်ခြင်းကိုတုန်လာခဲ့သည်။

အမှန်တိုင်းပြောရရင် သူ  အကိုဂျုံးဂုကိုအရမ်းကြောက်သလို အရမ်းလည်းမုန်းသည်။သူ့ကို ငှက်ကလေးတစ်ကောင်လိုသဘောထားသည်မို့။လှောင်အိမ်ထဲကငှက်ကလေးတောင်မှ အချိန်တန်ရင်လှောင်အိမ်ထဲကနေလွတ်မြောက်ပြီး ပြန်သန်းခွင့်ရှိသေးသည်။သူကတော့ အကိုဂျုံးဂုရဲ့လှောင်အိမ်ထဲကနေဘယ်တော့မှပျံသန်းခွင့်ရှိမှာမဟုတ်ဖူး။

"ငါမေးနေတယ်လေ ကင်ထယ်ယောင်း...."

ဘာမှပြန်မပြောဘဲ ခေါင်းကိုငုံ့သွားတော့ ဂျုံးဂုရဲ့ဒေါသကအမြင့်ဆုံးရောက်ရှိသွားခဲ့သည်။ထယ်‌ေယာင်းရဲ့မေးဖျားကို မော့ယူလိုက်တော့ မျက်ဝန်းအိမ်မှာမျက်ရည်ကြည်လေးဝဲနေသည်။

ပါးထက်က မျက်ရည်စကိုမြင်လိုက်တော့ ဘယ်ဘက်ရင်အုံကနာကျင်သွားခဲ့သည်။ကိုယ်ကအမြဲတမ်းမင်းကိုမျက်ရည်ကျအောင်လုပ်မိတာလား။

ဝဲတတ်လာသော မျက်ရည်စကိုမျက်တောင်ဖြင့် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။မျက်ဝန်းအိမ်မှမျက်ရည်စလေး ထယ်ယောင်းပါးပြင်သို့ကျမလာခင် လက်မဖြင့်သုတ်ပေးလိုက်တော့ မျက်လုံးအဝိုင်းသားဖြင့်ကြည့်လာသည်။

ထယ်ယောင်းအံ့သြမိသည် သူနေ့စဉ်နေ့တိုင်းမျက်ရည်ကျခဲ့ရတယ် ဒါပေမယ့် တစ်ခါမှသူ့မျက်ရည်စကိုမသုတ်ပေးဖူးခဲ့။သူ့ဘယ်ဘက်ရင်အုံကကော ဘာလို့အခုန်မြန်လာရတာလဲ။

ခုနက ဂျုံးဂုကိုမုန်းနေသောအမုန်းက ဘယ်ဆီကိုလွှင့်သွားခဲ့ရတာလဲ။သူ့ပါးထက်ကမျက်ရည်စကို သုတ်ပေးလိုက်တာနဲ့ အကိုဂျုံးဂုအပေါ်ထားတဲ့ အမုန်းတရားက ဘာလို့ချက်ခြင်းကြီးချစ်ခြင်းတရားဆီ အချိန်တိုတွင်းကူးပြောင်းသွားခဲ့ရတာလဲ။

*Short Story Collection*Where stories live. Discover now