*The Heartbeat*

421 36 5
                                    

Unicode.......

"ထယ်ရေ လာပါအုံး ကိုကို့ကိုကူသယ်ပေးပါအုံး...."

"လာပြီကိုကိုရေ....."

ဂျုံးဂုခေါ်လိုက်တော့ အပြေးလေးရောက်လာသော ထယ်ယောင်းကိုကြည့်ပြီး ဂျုံးဂုတစ်ယောက်မပြုံးပဲမနေနိုင်ပါ။

ဝယ်လာသောပစ္စည်းကို ကြည့်ပြီးထယ်ယောင်းတစ်ယောက် ဂျုံးဂုလက်ထဲကအထုပ်များကိုယူလိုက်ပြီးသည်နှင့် မေးမြန်းခြင်းကစတင်လာပါတော့သည်။

"ကိုကို အထုပ်တွေအများကြီးပဲ ဘာထုပ်တွေလဲဟင်...."

"ထယ့်အတွက်လေ ဗီရိုထဲကအဝတ်တွေက ဟောင်းနေပြီလေ အဲ့တော့ဝယ်လာရတာပေါ့....."

"ဟောင်းသေးပါဖူး ကိုကိုရထယ်မဝတ်ရသေးတဲ့အဝတ်တွေမှအများကြီးရယ်..."

နှုတ်ကပြောလည်းပြော ဝယ်လာသောအထုပ်ထဲကအင်္ကျီတွေကို ကြည့်နေလေသည်။သူကြိုက်တဲ့ပုံစံတွေပဲရွေးဝယ်လာတော့  မျက်နှာကပြုံးလို့။

"ကိုကိုဝယ်လာတဲ့အင်္ကျီတွေသဘောကျလား ထယ်..."

"ထယ့်အတွက် ကိုကိုဝယ်လာပေးတဲ့ ပစ္စည်းတိုင်းကို သဘောအကျဆုံးပဲ ..."

ပျော်ရွှင်စွာပြောလာသော ထယ့်စကားကြောင့် ဘယ်ဘက်ရင်အုံထဲမှခုန်နေသောအရာလေးကလည်း မျက်နှာထက်ကအပြုံးထက်ပျော်ရွှင်သွားခဲ့သည်ကိုတော့ ဂျုံးဂုသိလိုက်ပါသည်။

ထယ့်နှုတ်ဖျားကထွက်ကျလာတဲ့စကားတိုင်းကို  ဂျုံးဂုချစ်သည်။ထယ့်ရဲ့အပြုအမူတိုင်းကိုလည်း သူမြတ်နိုးမိသည်။

ထယ့်ပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းက ဘာအရောင်မှမခြယ်တဲ့အဖြူသက်သက် ချစ်ခြင်းတစ်ခုသာ။ပိုင်ဆိုင်လိုမှုမပါဘဲ ဖြစ်ပေါ်လာတဲ့နေ့ရက်တိုင်းမှာထယ့်ရဲ့အပြုံးလေးကိုမြင်ချင်ယုံသက်သက်ပင်။

ကိုယ်ချစ်တဲ့သူတိုင်းကိုတော့ ပိုင်ဆိုင်ချင်ကြတာပဲလေ ဒါပေမယ့်ကိုယ့်ရဲ့အတ္တတစ်ခုအတွက်နဲ့တော့ ထယ့်ရဲ့ပျော်ရွှင်မှု သူ့ရဲ့ဘဝလေးကိုတော့ မနှစ်မြှုပ်စေချင်ပါ။

ကိုယ့်ရဲ့အတ္တကိုစွန့်လွှတ်ပြီး ကိုယ်ချစ်ရတဲ့သူရဲ့ဘဝကိုမြှင့်တင်ပေးချင်တာ ထယ်ယောင်းပေါ်ထားတဲ့ သူ့သဘောထားပင်။မချစ်လို့မဟုတ်ပါ မြတ်မြတ်နိုးနိုးချစ်မိသွားလို့ ထယ်ယောင်းဘဝ လေး လှပချင်ရုံပါ။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: May 09 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

*Short Story Collection*Hikayelerin yaşadığı yer. Şimdi keşfedin