Part-17

140 17 8
                                    

Part-17

" ဂျောင်းဟန်က အားလုံးသိသွားပြီပေါ့ဒါဆို"

"ဟုတ်တယ်ဖေဖေ ဟိုလူတွေက ပြောပြလိုက်ပုံရတယ် မနေ့က သူတော်တော်လေး အဆင်မပြေဘူး အဲ့ဒါကြောင့် "

စကားကို ခဏရပ်ထားရင်း မင်ဂယူ ဖေဖေ့မျက်နှာကို သေသေချာချာ စေ့စေ့ကြည့်လိုက်ကာ

"သား သူ့ကိုကာကွယ်ပေးချင်တယ်ဖေဖေ"

ခေတ်မီသည့် လူကြီးတစ်ယောက်ပဲမို့ မင်ဂယူ ဘာကိုဆိုလိုချင်သည်ကို ဖေဖေသိမည်ပဲ ဖြစ်မည်။

ဖေဖေက ပြုံးလိုက်ကာ သူ့ကို ပြန်ကြည့်လာပြီး

"ဘယ်လိုမျိုး ကာကွယ်ပေးချင်တာလဲ သား"

" ဖေဖေ မေမေ့ကို စတွေ့တုန်းက ဘယ်လိုမျိုးဖြစ်ခဲ့လဲဖေဖေ"

" သားမေမေကို ဖေဖေ့အသက်ထက်တောင် စောင့်ရှောကိပေးချင်ခဲ့တာ ဖေဖေ့ဘဝတစ်ခုလုံး ပြိုလဲရင်တောင် သားမေမေ ပြုံးနေတာ ပျော်နေတာတွေ့တာနဲ့ ဖေဖေ ပြန်ရပ်တည်လာနိုင်တာမျိုး သားမေမေကို ဖေဖေ့ဘဝထက် ပိုပြီး မြတ်နိုးတာမို့ ဘဝတစ်ခုလုံးရင်းပြီးကာကွယ်ပေးချင်ခဲ့တယ်"

"သားလဲ သားလဲ ဂျောင်းဟန်ကို အဲ့လိုမျိုးပဲဖေဖေ"

ဖေဖေက နားလည်ပြုံး ပြုံးပြလာကာ မင်ဂယူ့ပခုံးကို ဖွဖွ ကိုင်လိုက်ရင်း

"ဖေဖေ က သားကို အမြဲနားလည်ပါတယ် အဲ့ဒါကြောင့် လူတစ်ယောက်ကို ချစ်မိသွားတယ်ဆိုရင်လဲ အဆုံးထိ အဲ့စကားကို တည်နိုင်တဲ့သူဖြစ်အောင်လုပ်ပေးပါ သား"

မင်ဂယူ ခေါင်းညိမ့်ပြလိုက်ရင်း ဖေဖေ့ကို ဖက်လိုက်မိသည်။ ဖေဖေက သူ့အတွက်တော့ အကောင်းဆုံးအဖေတစ်ယောက်ပါပဲ……။

………………………

အိပ်ရာထက်တွင် လူးလွန့်နေရင်းမှ မျက်ဝန်းတို့ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ ဘေးနားမှာ မင်ဂယူကမရှိတော့…။ ဂျောင်းဟန် နှုတ်ခမ်းလေး မဆိုစလောက် ဆူမိသွားလေသည်။

်မင်ဂယူ့လက်မောင်းတွေထက်မှာ ခေါင်းအုံးအိပ်ရင်း ရင်ခွင်ထဲတိုးဝင်ကာ အိပ်ပျော်ခဲ့မိသည်ကို တွေးမိတော့  ဂျောင်းဟန် နှုတ်ခမ်းလေးကို ကိုက်ကာ ဟီးခနဲရယ်ချလိုက်မိသည်။

O P P O S I T E  (Completed)Where stories live. Discover now