Description

89 3 0
                                    

DDescription

 တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

Description

ကျန်းယွီတစ်ယောက် ပြန်လည်မွေးဖွားလာပြီး ဘာမှမသိနားမလည်ခဲ့သော ၁၇နှစ်အရွယ် ကောင်မလေးဘဝသို့ ပြန်ရောက်သွားခဲ့သည်။ သူမ၏ အတိတ်ဘဝတွင် မရှိဆင်းရဲမှုကြောင့် သူမ၏အိပ်မက်ဖြစ်သော ဘဲလေးအကကို စွန့်လွှတ်ခဲ့ရလေသည်။ 

ချမ်းသာလှသော သူဌေးဒုတိယမျိုးဆက်ဖြစ်သူ ယောင်္ကျားနှင့် လက်ထပ်ခဲ့သော်လည်း ထိုသူသည်ကား သိုးရေခြုံထားသော အလိမ်အညာဝံပုလွေတစ်ကောင်သာ ဖြစ်နေခဲ့ပြီး သူမကိုလည်း အစားထိုးခံသက်သက်အနေနှင့်သာ အသုံးချခဲ့သည်ပင်။ ကျန်းယွီသည် သူမ၏ ဆင်းရဲမွဲတေလှပြီး စိတ်ပျက်စရာကောင်းလွန်းလှသော ထိုဘဝအား ပြန်မသွားချင်ပါ။

ထိုကဲ့သို့ ကူရာမဲ့နေချိန်တွင် အချိန်ခရီးသွား၍ ပြန်လည်မွေးဖွားလာကာ သူမ၏လက်ကိုင်ဖုန်းသည်လည်း အနာဂတ်မှ သူမနှင့်အတူ ပါလာခဲ့လေသည်။ ထိုဖုန်းမှတစ်ဆင့် သူမသည် အနာဂတ်မှလူများနှင့် ဆက်သွယ်နိုင်ခဲ့ပေသည်။

ဤနည်းအားဖြင့် သူမ၏အနာဂတ်အတွက် စိတ်ချအားကိုးစရာဖြစ်မည့် စီးပွားရေးတစ်ခုအား ကျန်းယွီရှာတွေ့ခဲ့သည်ပင်။

“ငါ့အမေကို ပြောပေးပါ.. ပိုက်ဆံရှိလာရင် စတော့ရှယ်ယာနဲ့ ပတ်သတ်ပြီး ဘာဆိုဘာမှ မလုပ်ဖို့ကို”

“ငါ့ရည်းစားနဲ့ တက္ကသိုလ်တစ်ခုတည်း မတက်ဖို့နဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်တဲ့အခါ အမှားမလုပ်မိဖို့ အတိတ်က ငါ့ကို ပြောပေးပါ”

“အခုချိန်မှာ ငါ့အဖေမရှိတော့ဘူး.. ကျေးဇူးပြုပြီး အတိတ်က အဖေ့ကို ငါက သုံးစားမရသူတဲ့လူ မဟုတ်ဘူးဆိုတာကို ပြောပြပေးပါ”

ကျန်းယွီသည် ထိုဖုန်းမှတစ်ဆင့် စီးပွားရေးလုပ်ကာ ပိုက်ဆံအမြောက်အများ ရှာနိုင်ခဲ့သည်။ ဒီလိုနှင့် တစ်နေ့တွင်တော့ ကျန်းယွီသည် အမျိုးသားတစ်ဦးထံမှ အကူအညီပေးရန် တောင်းဆိုခံခဲ့ရသည်။ 

ထိုအမျိုးသား၏ အသံသည်ကား တိုးတိုးလေးနှင့် ညို့ဓာတ်ပြင်းလှသလို အန္တရာယ်အငွေ့အသက်များကလည်း ရိုးတိုးရိပ်တိတ်ပါနေသည်ပင်။ ထိုအသံအား ကြားလျှင်ကြားချင်း ကျန်းယွီတစ်ယောက်ကြောက်လွန်း၍ လက်ထဲမှဖုန်းပင် ပြုတ်ကျသွားခဲ့ရသည်။

 တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့Dove le storie prendono vita. Scoprilo ora