11

138 36 1
                                    

[Unicode]

မင်လုချွမ်း ထွက်သွားပြီးနောက် ရှဝမ်နန် ကိုယ့်အခန်းကိုယ်ပြန်ကာ ဆေးကြောသန့်စင်ပြီး ဗီရိုထဲမှ ပေါ့ပေါ့ပါးပါးတီရှပ်တစ်ထည်နှင့် ဒူးတိဘောင်းဘီတစ်ထည်ကို လဲဝတ်လိုက်သည်။ အမှန်အတိုင်းပြောရရင် သူ့ဗီရိုထဲက အဝတ်အစားတွေကို သူ သိပ်ပြီး မကြိုက်ပါ။ ထိုအဝတ်အစားများက နည်းနည်း ရင့်ကျက်နေသည့်အငွေ့အသက်ရှိပြီး တက္ကသိုလ်ကျောင်းသားတစ်ယောက်မဟုတ်ဘဲ အတွေးအခေါ်ရင့်သန်ပြီးသားလူတစ်ယောက်၏ ဝတ်စားဆင်ယင်ပုံနှင့်တူသောကြောင့် ဖြစ်သည်။

သူ အခန်းထဲမှ ထွက်လာကာ တံခါးဝ၌ တစ်ချက်တန့်သွားပြီးမှ ပတ်ပတ်လည်ကို ဟိုသည်ကြည့်ရင်း Taobao ကနေ အဝတ်အစားအသစ်တွေကို မှာရင် ကောင်းမလားဟု စဉ်းစားမိသည်။ ထို့နောက် မီးဖိုချောင်နှင့် ထမင်းစားခန်းရှိရာသို့ ရောက်လာခဲ့၏။

[ Taobao = Chinese Online shopping platform ]

အိပ်ခန်းနှစ်ခန်းမှလွဲ၍ တိုက်ခန်းတွင်း ကျန်သည့်အပိုင်းကို လဟာပြင်ပုံစံ ဒီဇိုင်းဖော်ထားခြင်းဖြစ်သည်။ မီးဖိုချောင်နှင့် ထမင်းစားသည့်နေရာကို တစ်နေရာတည်း၌ ပေါင်းစပ်ထားပြီး အပေါ်တွင်မူ မီးဖိုချောင်သုံးပစ္စည်းထည့်ထားသော စင်ကို အတန်းလိုက် သပ်သပ်ရပ်ရပ် ထားရှိသည်။ အကုန်လုံး သန့်ရှင်းတောက်ပြောင်နေသော်ငြား အသုံးမပြုဘဲ နေသည့်ပုံ မပေါ်။ မီးဖိုချောင်ထဲမှ ရေခဲသေတ္တာအကြီးကြီးကို ဖွင့်ကြည့်တော့လည်း စားစရာတွေအပြည့်ပင်။ ရှဝမ်နန် ငယ်ငယ်ကအကြိုက် ကွတ်ကီးနှင့် အာလူးကြော် brand တွေတောင် ရှိသေး။

နွားနို့တစ်ဘူးနှင့် ကွတ်ကီးယူပြီးနောက် သူ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။

အရှေ့ဘက်ကို မျက်နှာမူထားသော မျက်နှာကြက်မှ ကြမ်းပြင်တိုင် ထိစပ်နေသည့် မှန်ချပ်ကျယ်ဘေးတွင် စားပွဲခုံ တည်ရှိနေခြင်းဖြစ်သည်။ မနက်စောစော နေရောင်ခြည်က သူ့ကိုယ်ပေါ် ဖြာကျနေကာ တစ်ကိုယ်လုံးကို နွေးထွေးစေပြီး အလိုလို သက်တောင့်သက်သာဖြစ်စေလျက်။

ရှဝမ်နန် ကွတ်ကီးတစ်ချပ်ကို တဂျွတ်ဂျွတ်မြည်အောင် ဝါးရင်း တစ်ပြိုင်တည်းမှာပဲ အသစ်စက်စက်ဖုန်းကိုထုတ်ပြီး backup data ကို ပြန်ရယူဖို့ ကြိုးစားနေမိသည်။ သို့သော် contact ကလွဲလို့ ကျန်တာ ဘာမှမရပေ။ Contact မှတ်ထားသည်များကို သာမန်ကာလျှံကာ ကြည့်နေရင်း 'M'ဟူ၍ စာလုံးအကြီးတစ်လုံးတည်းမှတ်ထားတာကို သွားမြင်သည်။ တစ်ခဏလောက် သူ့မျက်လုံးက ထိုစာလုံးအပေါ်မှာပဲ ကျရောက်သွားလျက် တွေးမိပြီ-

တစ်ဖက်တည်း ဦးတည်သောလမ်း || ဘာသာပြန်Where stories live. Discover now