Part 2

2.5K 444 142
                                    

Unicode

သင်္ဘောပေါ်စတက်လိုက်တည်းက ကျွန်တော် ခံစားလိုက်ရတာက အရမ်းကို Classic ဖြစ်တဲ့အနေအထား တစ်ခုပဲဆိုတာ။

ခြေထောက်နင်းတဲ့ကြမ်းခင်းက စ လို့ လေသာဆောင်ရဲ့ခေါင်းမိုးအထိ အဆင့်တန်းရှိတဲ့အသုံးအဆောင်တွေပဲ အသုံးပြုထားသည်။

"ဒီဘဲက တော်တော်ပိုက်ဆံရှိပုံပဲ .. အဟား"

တစ်ယောက်တည်း ကြိတ်ပျော်သွားတာ။ ဘာရွေးရွေးမမှန်ခဲ့တဲ့ ကျွန်တော့်လိုကောင် ဒီတစ်ခါတော့ လူရွေးမှန်ပြီထင်တယ်။

ထင်ပါတယ် .. ဘဝတလျှောက်လုံးတော့ ခွေးပြေးဝက်ပြေးနဲ့ ဘယ်လိုလုပ် ကံဆိုးနိုင်ပါ့မလဲ ..။

သင်္ဘောတစ်ခွင် ကျွန်တော်ကတော့ မြင်မြင်သမျှလိုက်ကြည့် သူကတော့ ဘေးကနေ ဘောင်းဘီအိတ်ထဲ လက်ထည့်လျက် အေးဆေးလျှောက်ပေးသည်။

"ဒါက ခင်ဗျားပိုင်တဲ့ သင်္ဘောလား"

သူက ပြန်မဖြေ .. လက်တစ်ဖက်က ဖုန်းထုတ်ကြည့်ကာ ဆက်လျှောက်သည်။

"ခင်ဗျားကို Captain လို့ ခေါ်လိုက်သေးတယ်မလား .. ခင်ဗျားက ဒီသင်္ဘောရဲ့ Captain လား"

သူက ဖုန်းအကြည့်မပျက် .. မသိရင် ကျွန်တော်က တစ်ယောက်တည်း စကားပြောနေတဲ့ကောင်လိုပဲ။

"ခင်ဗျားက ရုရှားမှာ နေတာလား .. ရုရှားနိုင်ငံသားပေါ့ .. ကိုရီးယားစကားဘယ်လိုတတ်တာလဲ"

တောက်လျှောက် ကျွန်တော်ပြောသမျှစကားတွေကို သူ ကြားတောင်ကြားရဲ့လားမသိပါ။

"ခင်ဗျားနာမည်က Kim မလား .. ခုနလူက ခင်ဗျားကို Captain Kim လို့ ခေါ်လိုက်တယ်လေ"

တစ်ယောက်တည်း အာချောင်သလိုဖြစ်နေတဲ့ကျွန်တော် စိတ်နည်းနည်းပေါက်လာသည်။

သူ့မျက်နှာနဲ့ ရုရှားထိ လိုက်လာတာတောင် အဖတ်မလုပ်တာ ဘာအချိုးလဲ ..။

ဒီဘဲက ငါ့ရဲ့သည်းခံနိုင်စွမ်းကို လာစမ်းနေတာပဲ .. စိတ်တိုလို့ ဘေးက သင်္ဘောဘောင်ကိုတောင် ဖြတ်ကန်ပစ်လိုက်သည်။

"ကျွန်တော်က ရုရှားရောက်ရင် ဘယ်မှာနေရမှာလဲ .. ခင်ဗျားအိမ်မှာလား .. ခင်ဗျားက ဘာအလုပ်လုပ်တာလဲ"

Insanely Addicted Where stories live. Discover now