Episode [ 24 ]

170 34 20
                                    

စာကြည့်ခန်းထဲ၌ မင်ယွန်းဂီ​သည် သခင်မ​လေးမင်ဟာ​ယောင်းနှင့်အတူ ပန်းထိုး​နေသည်မှာ အချိန်အ​တော်ကြာမြင့်ပြီဖြစ်ပြီး ရုပ်လုံး​လေးလည်း ​ပေါ်လာကာ လက်ရာမှာလည်း သပ်ရပ်လို့​နေသည် ။ ပျင်းရိ​သော်လည်း တစ်စိုက်မတ်မတ်ဖြင့် သင်ယူ​လေ့လာခြင်း၏ အကျိုးရလဒ်ပင်ဖြစ်ရာ မင်ယွန်းဂီ​လေးသည် မိမိကိုယ်ကို ဂုဏ်ယူလို့မဆုံး​ပေ ။

ထိုကဲ့သို့ ​အေးချမ်းတိတ်ဆိတ်​နေချိန်၌ အပြင်ဖက်မှ ဂန်း​လေး၏ အသံက လွင့်ပျံလာသည် ။

" သခင်ငယ်​လေး...သခင်မကြီးက အခုချက်ချင်း အပန်း​ဖြေ​ဆောင်ကို လာခဲ့ပါတဲ့ ။ အိမ်​ရှေ့စံမင်းသမီးက ​တွေ့ဖို့​စောင့်​နေလို့ပါတဲ့ "

သူ နားရှုပ်သွားရ​လေ​သော်​ကြောင့် မင်ဟာ​ယောင်းအား လှမ်းကြည့်​သော် သူ့နည်းတူ နားမလည်ဟန် ပြူးကြည့်​နေ​လေသည် ။

သို့ဖြင့်ရာ ​စောင့်ဆိုင်း​နေခြင်း​ကြောင့် မင်ယွန်းဂီသည် များများစားစား​တွေးမ​နေ​တော့ဘဲ ​ကောက်ကာငင်ကာ ထလိုက်သွားရ​တော့သည် ။ ပန်းဥယျာဥ်ရှိ အပန်း​ဖြေ​​ဆောင်သို့​ရောက်​သော် သခင်မကြီးမင်သည် အိမ်​ရှေ့စံမင်းသမီးနှင့်အတူ ရှိ​နေ​ပေးကာ ဧည့်ဝတ်ပြု​နေ၏ ။

သခင်မကြီးသည် သူ့အား မြင်​သော် အိမ်​ရှေ့စံမင်းသမီးအား  အ​ကြောင်းကြား​ပေးလာသည် ။ သူ့ကို ​နောက်​ကျော​ပေးထားသည့် အိမ်​ရှေ့စံမင်းသမီးသည် တစ်စက်က​လေးမှ လှည့်မကြည့်လာ​ပေ ။

" အားနာ​ပေမယ့် တတိယသခင်​လေးနဲ့​နှစ်​ယောက်တည်း စကား​ပြောချင်တာမလို့ ​အကုန်လုံး ရှောင်​ပေးလို့ရမလား "

" ရပါတယ် ရပါတယ် "

သခင်မကြီးသည် အ​စေခံ​လေး​တွေကို လက်ပြကာ အ​​​ဝေးသို့ ​ရှောင်ဖယ်ခိုင်းလိုက်ရင်း သူမသည် မင်ယွန်းဂီအား တစ်ချက်ကြည့်ပြီး​သော် ထွက်ခွာသွား​တော့၏ ။

မင်ယွန်းဂီခင်မျာ​တော့ အူ​ကြောင်ကြား​လေး ရပ်ကျန်ခဲ့​ရသည် ။

" အိမ်​ရှေ့စံမင်းသမီးကို ဂါဝရပြုပါတယ် "

" ရှင်မ​ပျော်ပါ​စေနဲ့လို့ ကျွန်မဆု​တောင်းတယ် "

IN THE DARKNESSWaar verhalen tot leven komen. Ontdek het nu