W

318 34 7
                                    

Hoshi ထမ်းလာတဲ့ကောင်ရဲ့ ကျောကို ရိုက်နှက်ပြီး ရုန်းကန်နေပေမယ့် ဒီကောင်က မဖြုံ သူကိုကျစ်ကျစ်ပါအောင် ထမ်းထားတာက ဘယ်က အားတွေနဲ့ပါလိမ့် ဒီပျော့တိပျော့ဖက်ကောင်က။

သူလုပ်လို့ Hoshi ပွဲလည်းပျက်ခဲ့ရသလို အရှက်လည်း ဘယ်လောက်တောင်မှ ကွဲခဲ့ရသလဲ မေဂျာရဲ့ ဇိုးက သူ့ထက် တစ်နှစ်ငယ်တဲ့ ကောင်လေးထမ်းတာကို စွေ့ကနဲ့ ပါလာတာလေ။ သူ့နောက်မှာ ဟိုကောင်တွေက ဘယ်လောက်တောင် ဝိုင်းဟား နေလိမ့်မလဲ?

Hoshi ဒေါသထွက်လွန်းလို့ ဆိုင်ကယ်ပေါ် တင်ပေးချင်းချင်း မြင်ရတဲ့ မျက်နှာ ကိုလက်သီးစာကျွေးလိုက်တယ်။ ဒါပေမယ့် ဒီကောင်က သူ့ကို လှောင်ပြုံးတောင်ပြုံးနေသလိုပဲ ပျော်နေတာလား ဒီကောင်က။ သူ့ကို စနောက်နေရတာကို ပျော်နေတာလား။

'' ငါအရှက်ကွဲခဲ့ရတာကို မင်းက ဒီလောက်တောင် ပျော်နေတာလား ဟေ့ကောင် "

'' ဒီမှာ မင်းမားမားက မနေ့က ဒဏ်ရာတွေမြင်တော့ ငါ့ကိုမေးတယ် အမှန်းတိုင်းပြောလိုက်ရတယ် ဒီနေ့မနက် မင်းနောက်ကို လိုက်သွားခိုင်းလို့ လိုက်လာရတာ ရပြီလား မင်းကိုများ အရမ်းစိတ်ပူနေတယ်မထင်နဲ့ "

'' ဘာ ဘယ်သူက မင်းကို စိတ်ပူနေတယ် ပြောလို့လဲ "

'' မင်းထင်နေမှာ စိုးလို့လေ "

'' တောက်!! "

Hoshi စိတ်တိုလွန်းလို့ ထိုကောင့်ကို မျက်နှာသာ လွှဲထားလိုက်တယ်။

'' နှုတ်ခမ်းကို ချွန်မထားနဲ့ "

'' တောက်! ဒီ.... "

ပြောပြောဆိုဆိုနဲ့ ဆိုင်ကယ်ကို ေမာင်းထွက်သွားတာကြောင့် Hoshi မှာ အမြန်အဲ့ကောင်ခါးကိုကိုင်လိုက်ရတယ် ပြုတ်ကျပြီးသေတော့မလို့။

ကျောင်းကို မဝင်ပဲ အိမ်ကို တန်းမောင်းနေတာကြောင့် Hoshi ကျောကို ပုတ်ကာ သတိပေးလိုက်တယ်။ အိမ်ကိုမမောင်းနဲ့ အိမ်မပြန်ချင်ဘူး။

'' ဘာတုန်း မားမားကို ကြောက်လို့လား "

Hoshi ဘာပြောချင်လဲ နားလည် သလိုနဲ့

ဆိုင်ကယ်ကို ဘေးချရပ်လိုက်ပြီး လူကိုကြည့်နေတာက လှောင်နေသလိုပဲ။ အေး လှောင်ထားအုံးပေါ့ မင်းအားနည်းချက်ကို ငါတွေ့အောင် ရှာပြပေးမယ်။

Power of LoveWhere stories live. Discover now