Chapter 14

44 2 0
                                    

"သားရေ ဘယ်အချိန်လောက် လုပ်ငန်းစမလဲ အဖေ့ဘက်က အကုန်အသင့်ပဲ သားဘက်က နှေးနေသလိုပဲကွာ"

"အထိုင်ချကာစပဲရှိသေးတယ် အဖေ သားမှာ လုပ်စရာကများတော့ နည်းနည်းတော့ ကြာဦးမယ်ဗျာ"

"အဖေတို့ခေတ်ရောက်လာမယ့်နေ့မှာ မင်းကိုဆုချမယ်"

"စိတ်ချပါ အဖေ အ‌ဖေ့ကို စိတ်မပျက်စေရဘူးလို့ သားကတိပေးတယ်"

"အပြောထက် အလုပ်နဲ့ သက်သေပြစမ်းပါကွာ"

"ဟုတ်ကဲ့ပါအဖေ သားကြိုးစားနေပါတယ်"

"အေအေ နားတော့သား"

"ဟုတ်ကဲ့"

တစ်စုံတစ်ယောက်တို့ရဲ့ လေပြေသည် တစ်စနှင့်တစ်စ မုန်တိုင်းအဖြစ်သို့ ပြောင်းလဲလာသည်။

.......................................................…......

ကျောင်းသားများသည် သက်ဆိုင်ရာ အခန်း အသီးသီးသို့ သွားကြသည်။ထိုသူများအနက် မင်းမြတ်နှင့် အိန္ဒြာ မပါပေ။

ကံကြမ္မာက ဖန်တီးပေးသောကြောင့် ကံကောင်းထောက်မစွာဖြင့် နှင်းယုနှင့်ဟေမာ သည် တစ်ခန်းတည်း နေရမည်ဖြစ်သည်။အများနှင့်ဆိုသောကြောင့် ဟေမာ၊နှင်းယု နှင့် အခြားကျောင်းသူများအပါအဝင် ၃ယောက်ဖြစ်သည်။

မျက်နှာချင်းဆိုင်အခန်း၌ သွန်းကဗျာ၊လဝန်း၊မြင့်မိုရ်၊ ရွှေအိန္ဒြာတို့အခန်းတွင် ရွှေအိန္ဒြာ မတည်းသောကြောင့် ကျောင်းသူ၂ဦး ပြောင်းရွှေ့သည်။

'အော် မြင့်မိုရ်ရယ် နင်ဟာလေ  အတူနေဖို့ကံကိုမပါလာဘူးထင်တယ် အခုတောင် သူက မနေဘူးတဲ့'

မြင့်မိုရ်စိတ်ထဲ၌ တွေးရင်း စဉ်းစားနေမိတာတစ်ခုရှိသည်။ရွှေအိန္ဒြာ ဘယ်မှာနေနေသနည်း။အဘယ်ကြောင့် ဒီနေရာမှာ မနေသနည်း။မြင့်မိုရ်စဉ်းစားရခက်နေသည်။သို့သော် ကားမူးလာသော
အရှိန်ကြောင့် ဆက်မစဉ်းစားဖြစ်တော့။

.......................…......….....…...….………..

"အား...!"

"ရရဲ့လား!နှင်းယု!"

"ရပါတယ် ရှင်ကော?"

"ကျွန်မအဆင်ပြေတာမို့ ကားမူး‌တယ်မလားလန်းဆန်းသွားအောင် ခနနားပြီး ရေချိုးလိုက်ပါလား?"

I Fell In Love At First Sight Where stories live. Discover now