"ဒါက ကင်မ်ဂယူဗင်းတဲ့.. လူကြီးက သိပြီးပြီဆိုတော့ ကိစ္စမရှိလောက်ပေမယ့် ထျန်းယွဲ့က မသိသေးလို့ နှုတ်ဆက်ပေးတာ"
"ဂယူဗင်း...ဒါက လျိုထျန်းယွဲ့ ငါရဲ့လုပ်ဖော်ကိုင်ဖက်၊ မင်းဘေးက ထိုင်နေတဲ့သူကကြ ငါ့အလုပ်က ဥက္ကဋ္ဌ ဆောင်းဟန်ဘင်းတဲ့... ကဲ မိတ်ဆက်ပြီးပြီဆိုတော့ စားကြတော့မလား ဗိုက်ဆာနေပြီ"
သူ၏ ဦးဆောင်မှုဖြင့် ၎င်းတို့သည် အခုမှ တူစကိုင်ကြပြီး စားပွဲပေါ်က ဆူရှီကို စနှိုက်ကြတယ်။ သူကိုယ်တိုင်လည်း တူကိုင်ပြီး ပန်းကန်တစ်ခုအကျော်က ရေညှိလိပ်ကို ယူဖို့လုပ်လိုက်ပေမယ့် ပန်းကန်ထဲ ရောက်လာတဲ့ တူနာအစာသွပ်ကြောင့် လက်တွေ ရပ်သွားရတယ်။
"စားနော် ချာတိတ်။ ဒီဝိုင်းကို ကိုယ်ရှင်းမှာ"
"ဟုတ် ကောင်းကောင်းစား--"
သူ စကားမဆုံးသေးခင် ပန်းကန်ထဲက ဆူရှီနောက်တစ်မျိုးရောက်လာ၏။ ဒီတစ်ခါ လာထည့်ပေးတဲ့သူက ဒုတိယဇာတ်လိုက် လျုိထျန်းယွဲ့။ ဂဏန်းလိပ်လေးက ဆော့စ်အချိုနဲ့ တို့ထားပြီးသား။
"ကိုကို ကြိုက်လောက်မယ်ထင်လို့ ဒါလည်း စား"
"ကျေးဇူး--"
"ငါ့ယောက်ျားမှာ လက်ပါတယ် သူ့ဘာသာ ထည့်စားတတ်တာမို့ အကဲပိုတာတွေလျှော့ကြပါ့လား ရှန်ချွမ်းရွေ့က ငါ့အပိုင်၊ ငါ့ယောက်ျားလို့!"
"ဂယူဗင်း! အသံကိုလျှော့စမ်းပါ ဘာဖြစ်နေတာလဲ"
သူ မျက်ခုံးတွန့်ပြီး စားပွဲအောက်ကနေ ဂယူဗင်းရဲ့ခြေတံရှည်ကြီး ကန်လိုက်တယ်။ တစ်ချိန်တည်းမှာ သူ့လက်ကို လာကိုင်တဲ့ လျိုထျန်းယွဲ့ကြောင့် လူက ရေခဲရိုက်သလိုမျိုး တောင့်ခဲသွားရပြန်တယ်။ ဒီကျဥ်းကြပ်တဲ့အနေအထားကြီးက ဘယ်အချိန်မှ ပြီးမှာများလဲ...
"ဂယူဗင်းပြောတာကို စိတ်ထဲမထားကြနဲ့နော် သူက စိတ်ဆတ်တတ်တော့လေ အမြဲဒီလိုဘုကလန့်ပြောနေကြရယ်... ပြန်ထည့်ပေးမယ်နော် နှစ်ယောက်လုံးလည်း ကောင်းကောင်းစားကြ"
ငြိမ်သက်နေတဲ့ လေထုကို မျက်စိရှေ့က ဆူရှီခွက်ကိုတစ်ချက်ကြည့်ပြီးပြောလိုက်ရင်း တူနဲ့ ဆူရှီတစ်ခုစီကို ကော်ယူလို့ ဘဲကြီးရဲ့ပန်းကန်ထဲကိုရော၊ ထျန်းယွဲ့ပန်းကန်ထဲကိုရော ထည့်ပေးလိုက်တယ်။
YOU ARE READING
𝖬𝖺𝗇𝗂𝗉𝗎𝗅𝖺𝗍𝗂𝗇𝗀 𝗆𝗒 𝗁𝗎𝗌𝖻𝖺𝗇𝖽𝗌 • ᵍʸᵘʳⁱᶜᵏʸ
Romanceမြန်မာ | 𝗚𝘆𝘂𝗿𝗶𝗰𝗸𝘆 - 𝗕𝗶𝗻𝗿𝗶𝗰𝗸 [ongoing] ➳ written in BURMESE ➳ System / Re-birth / Revenge ➳ Ro-com with Love Triangle ➳ slowburn