အပိုင်း(၃၉)

46 4 0
                                    

(Unicode)

"ဘာလို့ငါ့ကိုဖမ်းတာလဲကွ ငါလုပ်တာမဟုတ်ဘူး မင်းတို့ကို ငါတရားဆွဲမယ်"
"ဒီမှာဦးလေး သက်သေနဲ့တစ်ကွ မိတာကို ဘာငြင်းချင်သေးတာလဲ.."

အမှုစစ်နေတဲ့ ရဲသား စိတ်တိုစွာဖြင့် သက်သေ ဓါတ်ပုံတွေ အသံဖိုင်တွေကို ပြလိုက်သည်။

"အဲဒါ..အဲဒါက ငါလုပ်တာမဟုတ်ဘူး ...ငါ့သားလုပ်တာ ဟုတ်တယ် Zမင်း လုပ်ပြီး ငါ့အပေါ် ပုံချတာ ငါဘာမှ မသိဘူး..ငါမလုပ်ဘူး အဲကောင် မင်းတို့ကို လှည့်စားနေတာ သူလုပ်တာ ငါမဟုတ်ဘူး..."

"တော်ပါတော့ ဒီလောက် သက်သေ ပြည့်စုံနေတာတောင် ခင်ဗျားက ငြင်းချင်သေးတာလား..."

"ငါမဟုတ်ဘူးလို့ မင်းနားကန်းနေလား ဟမ်!!!"

"ခင်ဗျားလုပ်ထားတာ ဒီတစ်မှုထဲ ထင်လို့လား ခင်ဗျားကို ‌မောင်ဟန်နိုင်ဦးက သူ့မိဘတွေကို လုပ်ကြံမှု အတွက် လူသတ်မှုနဲ့ တရားဆွဲထားတယ် .."

"ဘာ ဟန်နိုင်ဦး...သူက ဘာလို့..မဟုတ်ဘူး ငါမလုပ်ဘူး..."

"ပြီးတော့ ခင်ဗျားကို ခင်ဗျား မိန်းမက ကုမ္ပဏီငွေတွေ အလွဲသုံးစားမှုနဲ့ တရားစွဲထားတယ် ဒါကြောင့် ခင်ဗျားဖက်က ဘယ်လောက် ငြင်းဆန်နိုင်မလဲ ကြည့်ရသေးတာပေါ့ ..."

"အား...!!!!!!! Zမင်း... ဟန်နိုင်ဦး.. ကေသီရှင်း...မင်းတို့ ၃ယောက် သစ္စာဖောက်တွေ သတ်ပစ်မယ် အကုန်သတ်ပစ်မယ်..."

ဦးထွန်းမြတ် ဒေါသထွက်လွန်းပြီး စားပွဲခုံကို ဆွဲမှောက်ပစ်လိုက်သည်။

"သတ်မယ် သတ်ပစ်မယ် မင်းတို့ကို..."

မျက်စိထဲ မြင်မြင်သမျှ အကုန် ဆွဲလှန် ကန်ကျောက်ပစ်သည်။

" ဆရာဝန်ခေါ် တရားခံက စိတ်ဖောက်သွားပြီ ဆရာဝန်ခေါ်.."

"အား လွတ် ငါမရူးဘူး လွတ်စမ်း..အား သတ်မယ် မင်းတို့ ၃‌ယောက်လုံးကို သတ်မယ်..သတ်...."


ဆရာဝန်တွေ အပြေးဝင်လာကာ ‌စိတ်ငြိမ်‌ဆေးထိုးပေးလိုက်သဖြင့် ဦးထွန်းမြတ် တဖြည်းဖြည်း ငြိမ်ကျသွားသည်။

"ဟူး... သူ့ရဲ့ ပြစ်မှုတွေက အကုန် သက်သေရှိနေပြီဆိုတော့ မနက်ဖြန် တရားရုံးမှာ တရားခံဝင်ပြီးရင်တော့ အားလုံး ပြီးဆုံးပါပြီ..."

I Love Both Of You Two (Complete)Where stories live. Discover now