981------990

40 8 0
                                    

အခန်း(၉၈၁) - နတ်ဘုရား တစ်ပိုင်း ရှုံးသွားပြီ..

လင်းဟွမ်သည် ကီလိုမီတာ နှစ်ထောင်ကျော် ခရီးကို ဖြတ်ကျော်ရန် (၁၀) မိနစ်သာ အချိန်ယူခဲ့ ရသည်။

သူ့ခရီးစဉ် အတွင်းတွင် အင်ပါယာ ရွှေဖြူရောင်အဆင့် မွန်းစတားတစ်ကောင်၏ နယ်မြေကို ဖြတ်ကျော်ချိန်၌ တိုက်ခိုက် ခံရသည်မှလွဲ၍ ကျန်သည့် မွန်းစတား၏ တိုက်ခိုက်ခြင်းကို  မခံခဲ့ရပေ။

အကြောင်းမူ ဖျက်ဆီးခြင်း နတ်ဘုရား အမွှေးရှည်ဆင်ကို ချက်ချင်း ဆင့်ခေါ်ခဲ့သောကြောင့် ဖြစ်သည်။ ၎င်း၏ ကြောက်စရာ ကောင်းသော အင်ပါယာ ရွှေခရမ်းရောင် တိုက်ခိုက်ရေး အဆင့်နှင့် အစစ်အမှန် ဝိညာဉ်၏အော်ရာက မြေပြင် တစ်ခုလုံး ပျံ့နှံ့ပြီး ပဲ့တင်ထပ် သွားသည်။

ဖျက်ဆီးခြင်း နတ်ဘုရား အမွှေးရှည်ဆင်နှင့် တိုက်ခိုက်ရေး အဆင့်တူသော မွန်းစတားများ အပါအဝင် မွန်းစတား အားလုံးသည် တုန်လှုပ် သွားကြသည်။  မည်သူမှ ပြဿနာ မရှာရဲကြပေ။

စပါးအုံးအကွက် အဆိပ်ဖားပြုပ်သည် ဖျက်ဆီးခြင်း နတ်ဘုရား အမွှေးရှည်ဆင်၏ အော်ရာက   သူ့နယ်မြေထဲ ဝင်လာသောအခါ ချက်ချင်း အာရုံခံမိခဲ့ပြီး ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းသော အော်ရာက သူ၏ နောက်ကျောကိုပင် အေးစိမ့်  သွားစေသည်။

“ဒီ ကြောက်စရာကောင်းတဲ့ အော်ရာ….. ဒဏ္ဍာရီလာ သန္ဓေလေးကြိမ်ပြောင်း မွန်းစတားပဲ ဖြစ်ရမယ်။ ကီလိုမီတာ ရာပေါင်းများစွာ ဝေးနေတဲ့ အချိန်မှာတောင် ငါ့ရင်ထဲ တုန်လှုပ် ချောက်ချားမိတယ်”

သို့သော်လည်း စပါးအုံးအကွက် အဆိပ်ဖားပြုပ်၏ အကြောက်တရားက ၎င်းကို ဆုတ်ခွာရန် အကြံ မပေးနိုင်ခဲ့ချေ။ ထိုအစား တိုက်ပွဲဝင်ချင်စိတ် မြင့်တက်လာခဲ့သည်။

“ဒီကောင့်ကို သတ်ပြီး စားလိုက်တာနဲ့ ငါက ဒဏ္ဍာရီအဆင့် သန္ဓေလေးကြိမ် ပြောင်းသွားဖို့ များတယ်။ ဒီထက် ကံကောင်းရင်တော့ ငါ့ရဲ့ တိုက်ခိုက်ရေး အဆင့်တောင် မြင့်တက်သွားပြီး အတုယောင်  နတ်ဘုရား  ဖြစ်လာနိုင်တယ်”

ဖျက်ဆီးခြင်း နတ်ဘုရား အမွှေးရှည်ဆင်က အရှိန်အဟုန် မြှင့်တင်၍ ပြေးလာနေသည်ကို အာရုံ ခံမိလျှင် စပါးအုံးအကွက် အဆိပ် ဖားပြုပ်သည် သွားရည် ကျလာပြီး ၎င်းနယ်မြေအတွင်းတွင် လျင်မြန်စွာ ရွေ့လျားနေသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံTempat cerita menjadi hidup. Temukan sekarang