အပိုင်း (၅.၁)

34 6 2
                                    

Kuroo: ဒီနေ့ကံကောင်းပါစေ! အတူတူမရှိပေးနိုင်ပေမဲ့ ဒီပိတ်ရက်မှာ ဂုဏ်ပြုစကားပြောဖို့ မင်းအိမ်ကိုလာခဲ့မယ်!! မင်းအတွက် အရမ်းဂုဏ်ယူတယ် ကြောင်လေး!! <3 (08:51)

ရည်းစားကောင်လေးဆီက Text Message ကို ဒီနေ့အတွက် ကိုးကြိမ်မြောက် ဖွင့်ကြည့်လိုက်တယ်။ တက္ကသိုလ်ပထမနှစ်ကျောင်းသားတစ်ယောက် ဖြစ်နေပြီမို့ တစ်နာရီခွဲလောက် အသွားအပြန်ခရီးနဲ့ သူ့ဆီလာလည်နိုင်ဖို့‌နေ‌ေနသာသာ အိပ်ဖို့တောင် အချိန်လုနေရတဲ့အထိ Kuroo က အရမ်းအလုပ်များနေခဲ့တယ်။ ဒါပေမဲ့ ဒါက သူ Kuroo ကို အလွန်အမင်းကိုလွမ်းမနေဖြစ်ပါဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အပတ်တိုင်းခေါ်တဲ့ Video call တွေက Kuroo သူ့ဘေးမှာရှိနေတယ်ဆိုတဲ့ ခံစားချက်ကို မဖြစ်စလောက်လေးပဲပေးနိုင်ခဲ့တာ။ ဒါပေမဲ့ ဒီလောက်နှစ်အရှည်ကြီးကို သူသည်းခံနိုင်ခဲ့ပြီးပြီ။ Kuroo ‌သူ့ဘေးမှာ မရှိတဲ့ အရှည်ကြာဆုံးနှစ်တစ်နှစ်ပဲ။ တစ်ယောက်တည်းကျော်ဖြတ်နိုင်ခဲ့လို့ ဝမ်းသာတယ်။ နောက်ဆုံးတော့ အထက်တန်းပြီးသွားခဲ့ပြီ။ ဆိုလိုတာက Kuroo နဲ့ လမ်းတူသွားပြီ။ သူ့ကိုမကြာခဏ ဒီ့ထက်ပိုပြီး တွေ့ခွင့်ရပြီ။

"Kenma- ဖုန်းကြည့်တာရပ်တော့!"

Yamamoto ရဲ့အသံက သူ့ဘေးကနေထွက်လာတယ်။ အက္ခရာအတိုင်းစီထားတဲ့ သူတို့ထိုင်ခုံတွေက ဘေးချင်းကပ်ဘယ်တုန်းကမှမဟုတ်ခဲ့ပေမဲ့ အဲ့ဒီစည်းကမ်းတွေဆိုတာ ချိုးဖောက်ဖို့လုပ်ထားတဲ့အတိုင်း Yamamoto က သူ့ဘေးမှာလာထိုင်နေတယ်။ "အရောင်ချွတ်ထားတဲ့ဆံပင်နဲ့ ငါတို့က ဘယ်သွားသွား နှစ်ယောက်တစ်စုံ" ဆိုတဲ့ သူ့အဆိုကို Kenma ကတော့ တုံဏှိဘာဝေနဲ့ လက်ခံထားလိုက်တယ်။

သူ့ဖုန်းကိုခပ်မြန်မြန်ပြန်သိမ်းလိုက်ရင်း အသံတိုးတိုးနဲ့...

"ငါ့အမှားမဟုတ်ဖူး။ အခမ်းအနားက အရမ်းပျင်းစရာကောင်းတယ်"

ကျောင်းအုပ်ကြီးရဲ့ "အနည်းဆုံးမိနှစ်သုံးဆယ်" မိန့်ခွန်းတွေက သူ့ကိုအခုထိ အံ့ဩအောင်လုပ်နိုင်တုန်းပဲ။ သူ့စိတ်တွေပျံ့နေတာကို တားလို့မရဘူး။ ဒီမိန့်ခွန်းတွေကို Kuroo မကြုံလိုက်ရတာပဲ ကောင်းပါတယ်။

You've reached the end of published parts.

⏰ Last updated: 6 days ago ⏰

Add this story to your Library to get notified about new parts!

The Galaxy is Endless [မြန်မာဘာသာပြန်]Where stories live. Discover now