14

121 30 0
                                    

[Unicode]

အိပ်ရာပေါ် ဆောင့်ကြောင့်ထိုင်လျက် ရှဝမ်နန်သည် တွေဝေငေးငိုင်နေသည့်အလား အပေါ်ဘက်ကို ခေါင်းမော့ထားလေသည်။

မင်လုချွမ်း၏ စိတ်မရှည်မှုက မျက်နှာ‌ပေါ်မှာ အထင်းသားပင်။

"မင်း ဒီကို ဘာအတွက် ရောက်လာတာလဲ" မင်လုချွမ်းက မေးလိုက်သည်။

"အာ...ငါ့ ဘော့စ်ကို လာနှုတ်ဆက်တာလေ"

"မလိုဘူး၊ သွားလို့ရပြီ"

"ဒါဆို ငါ ဘယ်တော့ အလုပ်ပြန်ဆင်းရမလဲ"

"မင်းကြိုက်တဲ့အချိန်"

ထိုအဖြေကြောင့် ရှဝမ်နန် အတွေးတို့ ပြန့်ကျဲသွားရကာ မေးကြည့်လိုက်သည်။

"ငါ ဘယ်တော့မှ အလုပ်မလုပ်ချင်တော့ဘူးဆိုရင်ရော?"

ထိုမေးခွန်းကိုမူ မင်လုချွမ်းက လုံးဝ မျှော်လင့်ထားဟန်မရှိ။ နှစ်စက္ကန့်မျှ နှုတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလာသည်။

"မင်းသဘောပဲ"

"လစာမဲ့'ခွင့်ယူတာ ဖြစ်မှာလား"

"ကိုယ် လစာပေးမယ်"

ရှဝမ်နန် နည်းနည်း အံ့အားသင့်သွားရပြီ-

"မင်းက အဲ့လောက်တောင် သဘောကောင်းတယ်လား"

မင်လုချွမ်းကို ကွာရှင်းမည်ဟု အလျင်စလိုတွေးထားသော ရှဝမ်နန်၏ဆုံးဖြတ်ချက်မှာ ထိုတဒင်္ဂတွင် အနည်းငယ် ယိမ်းယိုင်ချင်သွားရသည်။ သို့သော် တွေးကြည့်လိုက်ပြန်တော့ မင်လုချွမ်း၏အပြောမှာ တစ်ခုခုလွဲနေမှန်း သူ သိလိုက်၏။ မင်လုချွမ်းက သူ့ကို လစာပေးမည်ဆိုတာ သူဌေးတစ်ယောက်က လက်အောက်ဝန်ထမ်းကို ပေးသလိုမျိုးမဟုတ်ဘဲ ရှဝမ်နန်ကို အိမ်ထောင်ရှင်တစ်ယောက်လို သဘောထားနေတာပဲလား။

"မလိုပါဘူး"

ထိုအတွေးကို ဖျောက်ဖျက်ပြီးနောက် ရှဝမ်နန် ရင်ထဲ ပြေလျော့သွားသည်။

"ငါက ဘီတာဆိုပေမယ့် ဘယ်သူ့အထောက်အပံ့ကိုမှ ‌မလိုအပ်ဘူး၊ ငါ့ဘာသာ အားကိုးနိုင်တယ်"

မင်လုချွမ်းက ခေါင်းအသာနှိမ့်ပြီး သူ့ကို ကြည့်လာရင်း နှုတ်ခမ်းလွှာက မျဉ်းတစ်ပြေးတည်းလို ဖြောင့်တန်းသွားခဲ့သည်။

တစ်ဖက်တည်း ဦးတည်သောလမ်း || ဘာသာပြန်Where stories live. Discover now