အပိုင်း ( ၁၁ )

238 31 24
                                    

>> Unicode <<
~~~~~~~~~~~~

စော ရန်ကုန်ကိုပြန်ရောက်တာ တစ်ပတ်ပြည့်‌သည့်နေ့။ အကို့စကားကိုနားထောင်တဲ့စောရဲ့နေ့ရက်တိုင်းဟာ အိမ်မှာပဲအချိန်ကုန်တာများသည်။ ဆိုင်ကိုတော့ မန်နေဂျာကိုကံထူးအောင်နှင့်သူငယ်ချင်းဖြစ်သူကို လွှဲထားပြီး တစ်ခါတရံမှသာရောက်ဖြစ်၏။

ဒီနေ့ကတော့ ‌တောင်ပေါ်ပြန်လျှင် ယူသွားရမည့်ပစ္စည်းတွေ သွားဝယ်ရမည်။ သွားဖို့ပြင်ဆင်တုန်းမှာ ဒေါ်လေးက အခန်းတံခါးကိုနှစ်ချက်ဆင့်ခေါက်ပြီးနောက် ဖွင့်ဝင်လာ၏။

" စော "

" ဗျာ ဒေါ်လေး "

" အပြင်သွားမလို့လား သား "

" ဟုတ်တယ် ဒေါ်လေးဘာမှာဦးမလဲ "

" ဘာမှမမှာပါဘူး၊ ဒီမယ် သားကိုဖတ်ခိုင်းမလို့ "

မျက်မှန်ကိုအသာပင့်တင့်ရင်း သူ(မ)ရဲ့ဖုန်းကို စောထံသို့ကမ်းပေးလာတဲ့ဒေါ်လေး။ လက်ထဲမှာလည်း ယောက်ချိုဇွန်းကြီးကိုင်ထားကာ ဟင်းချက်ရင်းတန်းလန်းရောက်လာတဲ့ပုံ။ ဖုန်းယူပြီးကြည့်လိုက်ရာ လိင်မှတစ်ဆင့်ကူးစက်နိုင်သောရောဂါတွေအကြောင်းရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်၍ စော ကြောင်အမ်းအမ်းဖြစ်သွားသည်။

" ဒါက... ဘာလို့လဲ ဒေါ်လေး "

စော အူကြောင်ကြောင်လေးမေးတော့ ဒေါ်လေးက သက်ပြင်းချသေး။ ပြီးမှ လေးလေးပင်ပင်ပြန်‌ဖြေ၏။

" သားတို့အရွယ်က အကုန်လုံးစူးစမ်းချင်တဲ့အရွယ်လေ၊ မိန်းကလေးကိုမကြိုက်လည်း ယောက်ျားချင်းလည်း ဒီကိစ္စတွေကကင်းမှမကင်းဘဲ၊ သိသင့်တာတွေသိထားရအောင် ဖတ် ဖတ် "

စော ဘာပြောရမှန်းတောင်မသိတော့။ ဒီရက်တွေထဲ ဘွားဘွားနှင့်မေမေတို့ထက်တောင် ငြိမ်နေတဲ့ဒေါ်လေးကို သူ့အကြောင်းစိတ်မဝင်စားဘူးလို့သာ စောထင်နေခဲ့တာ။ လာပြောတော့လည်း အဝေးကြီးကကိစ္စတွေ...။

" ဒေါ်လေးကလည်း.. ပေါက်ကရတွေဗျာ "

" ပေါက်ကရမှမဟုတ်ဘဲ၊ ဒါကျန်းမာရေးဗဟုသုတတွေလေ "

" ဟုတ် သိပါတယ် "

" ဖတ်ပါဆို "

" ဖတ်ပြီးပြီ သားသိသွားပြီ "

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now