ဇာတ်သိမ်းပိုင်း

323 39 24
                                    

>> Unicode <<
~~~~~~~~~~~~

" အကိုဖြေပါ၊ ဘယ်လိုအဖြေပဲဖြစ်ဖြစ်.. ကျွန်တော်နားလည်ပေးနိုင်တယ် "

" စော.. ဘာဖြစ်လို့လဲ "

" အကိုသူ့ကိုချစ်နေသေးလား "

ဘယ်လိုအဖြေမျိုးဖြစ်ပါစေ နားလည်နိုင်တယ်ဆိုတဲ့ကောင်လေးမှာ အသံတွေတုန်ယင်လျက်။ ခေါင်းငုံ့ကာ အကြည့်လွှဲသွား၍ ဈာန်မနေနိုင်တော့ပေ။ လက်ထဲက ကိုင်ထားသမျှမုန့်ထုပ်တွေကိုလည်း ချထားရပြီး စောရဲ့ကိုယ်လေးကိုသာပွေ့ဖက်လိုက်ရသည်။

" ဘာတွေတွေးနေတာလဲ ဟမ်.. မင်းစိတ်ထဲ ဘာတွေဖြစ်နေတာလဲဆိုတာ ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောပြလေ "

မေးနေသော်လည်း စောဆီမှ စကားသံထွက်မလာတော့။ သူ၏ခါးကိုသာ တင်းတင်းဖက်ထားလျက် ငြိမ်သက်သွားတဲ့ကောင်လေးကြောင့် ဈာန့်မှာ သနားလည်းသနား၊ အားလည်းနာသွားရသည်။ အရိပ်တကြည့်ကြည့်‌ရှိနေတာကိုသိပါလျက် စောအထင်လွဲလောက်စရာအပြုမူမျိုး လုပ်မိပြီလားဆိုသည့်အတွေးက ခေါင်းထဲဝင်လာလေသည်။

" ကိုယ့်မှာမင်းပဲရှိတာ၊ အများကြီးလျှောက်မတွေးနဲ့ ကြားလား "

လူတွေရှုပ်တဲ့ ကားမှတ်တိုင်ဖြစ်နေသည့်တိုင် မမှုနိုင်သေး။ စောရဲ့အာရုံထဲမှာသာ မကောင်းတဲ့အတွေးတွေအားလုံး လွင့်ပြယ်သွားစေလိုသည်။

" ပြန်မယ်လေ "

" မင်း..အဆင်ပြေပြီလား "

ရင်ခွင်ထဲမှရုန်းထွက်ကာ ခေါင်းသာညိတ်၏။ အကြည့်ချင်းမဆုံတော့ဘဲ မျက်နှာလွှဲထားတဲ့စောကို ဈာန်ကတော့ အသေချာလိုက်ကြည့်နေမိသည်။

ကွန်ဒိုကိုပြန်ရောက်ချိန်မှာ စောဟာ သူမဟုတ်သလို ရယ်ရယ်မောမောပြန်ဖြစ်နေလည်းပဲ ဈာန်စိတ်မချနိုင်သေး။

" ဒီအချိန်ဆို တောင်ပေါ်မှာတော်တော်အေးနေပြီနော် အကို ၊ မပြန်ခင် အကိုက်ခဲပျောက်ဆေးတို့ဘာတို့ ဝယ်ရဦးမယ် "

ဒူးလေးနှစ်ဖက်ပိုက်ကာထိုင်နေတဲ့စောဟာ တွေးတွေးဆဆဆို၏။ ဘာမှမဖြစ်သလိုနေခြင်းကပင် ဈာန့်ကိုပိုပြီးအသက်ရှူခက်စေတာကို ကောင်လေးမသိရှာပေ။

You've reached the end of published parts.

⏰ Last updated: Aug 08 ⏰

Add this story to your Library to get notified about new parts!

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now