PART 8

61 9 6
                                    

UNICODE

IDOL IMAGE ထိခိုက်လိုခြင်းမရှိပါ..

မနက်ရောက်သော် First အရင်နိုးလာခဲ့သည်
Khaotung ရင်ခွင်ထဲတွင် အိပ်ရသည်ကြောင့်လားမသိပါ သူညကအိပ်မက်တွေလှခဲ့သည် သူ Khaotung ရင်ခွင်လေးအား ခိုး၍နမ်းရှိုက်မိပြီး ပြုံးလိုက်မိသည် ထို့နောက် သူ Khaotung ရင်ခွင်ထဲမှ ဖြေးဖြေးချင်းထွက်လိုက်ပြီး အိပ်နေသေးသော Khaotung အား သူ့ရင်ခွင်ထဲသို့ အသာအယာသွင်းကာ ဖြေးညှင်းစွာပွေ့ဖက်ထားမိသည် Khaotung ၏ ဆံနွယ်လေးများကိုလည်း သူမကြာခဏနမ်းရှိုက်မိပါသေးသည်
ခဏအကြာ Khaotung အနည်းငယ် လူးလွန့်၍နိုးလာသဖြင့် First တစ်ယောက် အိပ်ချင်ယောင်ဆောင်နေလိုက်သည်

"Fir..Fir ထတော့လေ"

"ဟင်....အင်းးး.."

ထို့နောက် Khaotung အိပ်ရာပေါ်မှထလိုက်သည်

"မြန်မြန်ထ ပြီးရင်ရေချိုးပြီး အိမ်ပြန်တော့"

"အကိုကလည်း..မပြန်ချင်ပါဘူး"

First တစ်ယောက် Khaotung အားကြည့်၍ နှုတ်ခမ်းအနည်းငယ်ထော်ကာပြောလိုက်သည်

"မပြန်ရင်ဒီမှာဘာလုပ်အုံးမလို့လဲ"

"အကို့နား နေချင်လို့"

"ကိုယ့်နားနေပြီး မင်းကဘာလုပ်မလို့လဲ"

"အကို့ကို ကူလုပ်ပေးမယ်လေ"

"မလိုဘူး Fir အိမ်ပြန်ပြီးအေးဆေးနား ဒီနေ့ကရုံးပိတ်ရက် ဆိုင်မှာလူရှုပ်မှာ"

"အကို တစ်ယောက်တည်းပင်ပန်းမှာဆိုးလို့.. ကျွန်တော်လည်းကူလုပ်ပေးမယ်လေဗျာ"

"ကိုယ့်မှာ ကူညီပေးမယ့်သူရှိတယ်"

First တစ်ယောက် Khaotung အားမျက်မှောက်ကျုံ့ကာကြည့်လိုက်ပြီး

"ဘယ်သူလဲ"

"Ruy ဆိုတဲ့တစ်ယောက် သူကကိုယ်နဲ့အတူ ဆိုင်စဖွင့်ကတည်းကလုပ်လာတာ"

"ဟို ဆံပင်ဖြူဖြူနဲ့တစ်ယောက်လား"

"မင်းက သိတယ်လား"

"မနေ့ကမြင်လိုက်လို့"

First စိတ်ထဲတွင်တော့ အလိုမကျဖြစ်နေသည် Khaotung အား Ruy ဆိုသည့်သူနှင့်နှစ်ယောက်တည်းမထားခဲ့ချင်ပါ သို့ကြောင့် သူဒီမှာပဲ နေပါမည် Khaotung ကိုလည်း မရရအောင်ပြော၍နေပါမည်

MAYBE MY BOYFRIEND [Ongoing]Where stories live. Discover now