part-7

1.2K 20 0
                                    

မောင့်အမုန်းများ ရပ်ဆိုင်းပေးပါ >>>>>အပိုင်း (၇)

"သမီး....သမီးလေး...."

"မေမေ....."

မိုင် မေမေ့ကို ပြေးဖက်ပြီး မေမေ့က မိုင့်ကျောလေးကို ပွတ်သပ်ပေးနေ၏။

မေမေအရင်ကထက် ပိုပိန်သွားတယ်.....

"မေမေ....မိုင် မေမေ့ကို အရမ်းသတိရနေတာ..."

"မေမေလည်း အတူတူပါဘဲ သမီးလေးရယ်.....မေမေ အချိန်တိုင်း သမီးလေးကို လွမ်းနေရတာ....ကြည့်ပါဦး မျက်တွင်းလေးတွေကိုကျလို့....နေမကောင်းဘူးလား သမီး..ဟင်..."

"ကောင်းပါတယ် မေမေ....မိုင် နေကောင်းပါတယ်....မေမေအရင်ကထက် ပိုပိန်သွားတယ်... မေမေ စိတ်အရမ်းဆင်းရဲနေလားဟင်..မိုင်ကြောင့်ပါ မိုင်ကြောင့်....
မိုင့်ကြောင့် မေမေအခုလိုဖြစ်ရတာ...."

"မဟုတ်တာ...သမီးလေးရယ်....မေမေ့သမီးလေးကြောင့် မဟုတ်ပါဘူး..."

"မေမေ...လာထိုင်ပါဦး...ကိုကြီး ထိုင်ဦးလေ"

မိုင်နဲ့ မေမေက ဖက်ပြီး ငိုနေကြချိန် ကိုကြီးမျက်နှာကတော့မကောင်း....အိမ်တစ်အိမ်လုံးကို မျက်စိဒေါက်ထောက်ကြည့်နေသလို တစ်ယောက်ယောက်ကိုလည်း ရှာဖွေနေပုံ...

ကိုကြီး ရှာနေသူက မောင်ထင်ပါရဲ့.....

"မိမိုင်...နင့်ယောကျ်ားရော..အာ့ကောင် ဘယ်သွားလည်း..."

"သူအပြင်ထွက်သွားတယ် ကိုကြီး..."

"အေး....နင် နင့်ပုံစံနဲ့ ဒီလိုနေရာမျိုးမှာ လာနေတယ်ပေါ့ ဟုတ်လား မိမိုင်...အာ့ကောင်ကို အာ့လောက်ချစ်နေသလား..."

"ဟို....မိုင်. . "

"ဒါတော့...မေမေလည်း သဘောမကျဘူး....ဘယ်နှယ့်.. သူ့အခြေအနေ သူ့အဆင့်အတန်းနဲ့ သမီးကို ဒီလိုအခြေအနေမျိုးမှာ ထားစရာလား....နေစမ်းပါဦး သမီးရယ်...သူ သမီးကို တကယ်မချစ်ဘူးလား..ဟုတ်လား.."

မိုင် ဘယ်လိုများဖြေရပါ့ မေမေရယ်....သူမိုင့်ကို မချစ်ဘူးလို့ ပြောပြန်ရင်လည်း...မေမေတို့ မောင့်ကို အပြစ်တင်ကြမယ်...

ချစ်ပါတယ်ဆိုပြီးတော့လည်း....မိုင်လီဆယ်ပြီး မ​ပြောချင်ပါဘူး...

~မောင့်အမုန်းများ ရပ်ဆိုင်းပေးပါ~Where stories live. Discover now