part-16

680 13 0
                                    

မောင့်အမုန်းများရပ်ဆိုင်းပေးပါ  >>>>> အပိုင်း(၁၆)

"ကျွန်တော်တို့နဲ့အတူ စခန်းကိုလိုက်ခဲ့ပါ ကိုမင်းနေခ...... ခင်ဗျားကို လူသေစေမှု မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေနဲ့ပတ်သတ်ပြီး တရားစွဲထားတဲ့သူရှိလို့ပါ....."

"ခင်ဗျာ.......ဟာ....မဟုတ်တာ.....ကျွန်တော်က ဘာလို့အာ့လိုလုပ်ရမှာလည်း......ကျွန်တော်က min-groupက CEOလေ......ခင့...ခင်ဗျားတို့မှားနေကြပြီထင်တယ်"

ကြောက်စိတ်လွန်ကဲပြီး အသံတွေက အယောင်ယောင်အမှားမှားနဲ့.....

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဦးရန်သာနဲ့သူ ပေါင်းကြံပြီး ဗီဇကို သတ်ရန်ကြံစည်မည်ဖြစ်ကြောင်း ဇိုးစုံစမ်းပေး၍ မိုင်ကြိုသိခဲ့ရသည်။ ဒါ့ကြောင့်လည်း မောင့်ကို သတိပေးခဲ့ပြီး ကြေးစားလူသတ်သမားကို တစ်ဖက်လက်နဲ့ ငွေပိုပေးကာ သူတို့အကြောင်းကို ဖော်ခိုင်းခဲ့လေ၏။

အမှောင်နယ်ပယ်အတွင်း ကြေးစားတွေအတွင်းမှာလည်း နယ်ကျွမ်းနေတဲ့ ဇိုးအဖို့ ထိုအကြောင်းကို စုံစမ်းရတာ အခက်အခဲကြီးတော့မဟုတ်ပေ။

သူတို့နဲ့ပတ်သတ်တဲ့ သက်သေတွေအကုန်ရတာနှင့်တပြိုင်နက် အမှုဖွင့်ပြီး တရားစွဲခဲ့သည်။.

ဗီဇ သူ့အပေါ်မှာ အရင်အတိုင်းဘဲဟု ထင်နေတဲ့မင်းနေခကို လှည့်ဖျားဖို့က လွယ်ပါသည်။

"ဗျာ.......တရားစွဲတယ် ဟုတ်လား...... ဘယ်သူကလည်း...."

"ကျွန်တော်ဘဲ..... "

အထိတ်ထိတ်အပျာပျာ ရဲများအားမေးနေစဥ်  နောက်ဘက်က ထွက်ပေါ်လာသည့်ဗီဇရဲ့အသံနက်နက်.....

အံသြတာထက် ပိုလွန်သော အရာများနှင့် ပြည့်နှက်နေသည့်မျက်ဝန်းတို့ဖြင့် လှေကားကနေ ဆင်းလာတဲ့ ဗီဇကို.....ကြည့်နေလျက်....

"သိပ်အံ့သြသွားသလား....ကိုမင်းနေခ......အဟွန်း....တကယ်ဆိုခင်ဗျားက ကျွန်တော့်လောက်တော့......အံ့သြမယ်လို့မထင်ဘူး......

ခင်ဗျားကို ကျုပ်က အကိုတစ်ယောက်ထက်တောင်ပိုခဲ့ပါတယ်....dadဆိုလည်း ခင်ဗျားကို သားအရင်းနဲ့မခြား ချစ်ပေးခဲ့တယ်....ဘာလို့လည်း.......ခင်ဗျားဘာလို့အခုလိုလုပ်ခဲ့ရတာလည်း ဟမ်........"

~မောင့်အမုန်းများ ရပ်ဆိုင်းပေးပါ~Where stories live. Discover now