Part-19❗

135 18 4
                                    

❗Mature On

Part-19

အိပ်မောကျနေသည့် ကောင်လေးအား ဘေးမှာ ထိုင်ကြည့်နေရင်းနှင့် ချစ်ခဲ့မိတာ နောက်ကျခဲ့တာကို နောင်တရနေမိသည်။

ဒီချစ်စရာလေးကို ဘယ်လိုစိတ်နဲ့များ သူပြသနာတွေရှာပြီး ရန်တွေလုပ်ခဲ့မိတာလဲမသိ…။ တစ်နေ့လုံးလျှောက်သွားထားသဖြင့် မောပန်းစွာ အိပ်မောကျနေသော ကောင်လေးက တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေခဲ့လေသည်။

"ဟန် ကိုယ်မင်းကို ကာကွယ်ပေးမှာပါ ဘယ်လိုကိစ္စတွေပဲရှိရှိ မင်းကို ကာကွယ်ပေးမှာ စောင့်ရှောက်ပေးမှာ "

နဖူးပေါ်ကျနေသည့် ဆံစလေးတွေကိုဖယ်ရှားလိုက်တော့ ကောင်ငယ်လေးက လူးလွန့်လာတာကြောင့် ခေါင်းလေးကို ဖွဖွပြန်သပ်လိုက်ကာ သူချော့သိပ်လိုက်မိသည်။

ထို့နောက် ငုံ့မိုးရင်း နှုတ်ခမ်းပါးပါးထက် အနမ်းတပွင့် ခြေလိုက်ရင်း စောင်ကို ပခုံးနားထိ ပြန်ခြုံပေးလိုက်ကာ ဝရံတာဘက် ထွက်လာခဲ့လိုက်သည်။

ဝရံတာဆီရောက်တော့ စီးကရက်တလိပ်ကို ထုတ်ကာ မီးညှိလိုက်ရင်း ဖုန်းကိုထုတ်ယူကာ ခေါ်ဆိုသူနေရာကို နှိပ်လိုက်သည်။

"ဟယ်လို ငါစုံစမ်းခိုင်းတာတွေသိရပြီလား"

" အော် ဟုတ်ပြီ ဒါဆို ငါပြင်ဆင်ထားလိုက်မယ်"

"ဒါပဲအဲ့ဒါဆို ဆက်တိုက်သာစောင့်ကြည့်နေပေး"

ဟိုဘက်က ဖုန်းချသွားမှ ဖုန်းကို အိတ်ထဲပြန်ထည့်ရင်း စီးကရက် ကိုဆက်သောက်နေဖြစ်သည်။

စီးကရက် တလိပ်ကုန်သွားမှ ဝရံတာမှ ခွာကာ အခန်းထဲပြန်ဝင်ခဲ့တော့ အိပ်ရာပေါ်မှာ ထထိုင်နေသောကောင်လေးက အိပ်စုံမွှားနဲ့ မင်ဂယူ့ကိုလှမ်းကြည့်နေလေသည်။

"နိုးသွားတာလား"

"မင်ဂယူရားး"

သူ့အနား တိုးကပ်လာဖို့ခေါ်နေသည်မို့ ဘာဖြစ်တာလဲသိချင်၍ အနားရောက်သွားတော့ မင်ဂယူ့ခါးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။

" ဂျောင်းဟန် ဘာဖြစ်လို့လဲ"

" အိပ်မက်ဆိုးတွေမက်တယ် အိပ်မက်ထဲမှာလေ "

O P P O S I T E  (Completed)Where stories live. Discover now