chapter 2

520 59 4
                                    

👻Chapter 2
ဝိဥာဥ်လက်ထပ်ပွဲ (1)

သူသာ ညသန်းခေါင်မတိုင်မီ သရဲမတစ်ယောက်ဆီမှ အလှည့်စားခံလိုက်ရလျှင် ပရလောကသို့ သွားရန် ဆုံးဖြတ်ထားချက်က အသုံးမဝင်သလို ဖြစ်သွားလိမ့်မည်။ သရဲမက သန်းခေါင်ကျော်သည်နှင့် သူ့ကို သတ်သွားနိုင်သလို သားကောင်ဖမ်းသည့် သူမကိုလည်း တားဆီးမည့်သူ မရှိချေ။

တကယ်တမ်းတွင်....စည်းမျဥ်းများက သတ်ရန် ဖြစ်သည်။

စဥ်းစားရင်းနှင့် ချူဟွိုက်၏ မျက်လုံးများက အေးစက်လာသည်။ သရဲမက လူများ၏ ရာဂစိတ်ကို နှိုးဆွနိုင်သည့်ပုံပင်။

ဟုတ်တယ်။ ဒါ အရမ်း ရင်ဖိုစရာကောင်းတယ်။ ထို့ကြောင့် ချူဟွိုက်က မျက်ခုံးပင့်လိုက်သည်။

သရဲမက သူမ၏ သားကောင်က ထောင်ချောက်ထဲ ချောချောမွေ့မွေ့ ဝင်လာပြီဟု တွေးမိ၍ မျက်လုံးထက် ဂုဏ်ယူသည့် အရိပ်အရောင်တို့ ဖြတ်ပြေးသွားကာ နူးညံ့ပြီးအရိုးမရှိသော လက်များက အောက်သို့ လျှောဆင်းလာချိန် ချူဟွိုက်က သူမလက်ကို အမြန် ဆုပ်ကိုင်လိုက်သည်။

သရဲမက မလှုပ်မယှက် ဖြစ်သွားလေသည်။

ချူဟွိုက် " ဆင်းတော့ ... မင်းက အရမ်း လေးတာပဲ"

သရဲမက ကြောင်သွားရသည် " ငါလား...။ ငါ့ကို ဆင်းစေချင်တယ်ပေါ့"

ချူဟွိုက်က မျက်နှာထား တင်းတင်းနှင့် စကားဆိုလိုက်သည် "  ငါက မြုံနေတာ။ ငါ့မှာ မင်းရဲ့ စိတ်ကို မဆွဲဆောင်နိုင်တဲ့ အရာတွေ အကုန်ရှိတယ်"

သရဲမ"....."

ချူဟွိုက်က နူးနူးညံ့ညံ့ ပြုံးပြလိုက်သည် " ငါက အထီးကျန်နေတာ။ ခဏလောက် ဘဝအကြောင်း စကားပြောဖို့ အတူရှိနေပေးလို့ရမလား"

သရဲမ"...."

ချူဟွိုက်က သူ၏ ဘောင်းဘီများက စိုစွတ်လာမှန်း သိသွားသည်။

“အစ်မကြီး။ မင်းရဲ့ အောက်ပိုင်းက သွေးထွက်နေပြီ။ ငါက ဘာမှတောင် မလုပ်ရသေးဘူး" ချူဟွိုက်က သူ့ဘောင်းဘီပေါ်ရှိ သွေးကွက်ရဲရဲကြီးကို ကြည့်လိုက်ရင်း အသန့်ကြိုက်သည့်သူဖြစ်၍ စိတ်ညစ်သွားသည်။

Supernatural world မှာ မင်းနဲ့ flirt ကြမယ် Où les histoires vivent. Découvrez maintenant