Part 41 ( Final Part )

15.1K 861 174
                                    

(Uni)

၈နှစ်ကြာသွားသော်..။

နံနက်ခင်း ဝေလီဝေလင်းအချိန်ဆိုတာနဲ့ မေတ္တာလမ်းရှိ အိမ်အမှတ် ၈၅ အရှေ့တွင် စီတန်းနေကြသော လူတန်းရှည်ကြီးကို အမြဲလိုလို မြင်တွေ့ရပါလိမ့်မည်။

ရပ်ကွက်အလီလီကနေ ရောက်ရှိလာကြပါသော ကားကြီးကားငယ် အသွယ်သွယ်..၊ လူကြီးလူငယ် အပြိုင်အဆိုင်ဖြင့် စည်ကားနေတာကြောင့် မသိသူတိုင်းက အမေးစကားတစ်ခွန်းကို ဆိုမိကြစမြဲပင်။ ထိုအခါ ရပ်ကွက်သူ ရပ်ကွက်သားများရဲ့ အဖြေစကားက..။

" ငပြူးပဲပြုတ်ကို တိုးဝယ်နေကြတာလေ။ ရောင်းပေးသလောက်ကို ဘယ်တော့မှ ဝယ်မလောက်ကြဘူး "

အထုပ် ၃၀၀ အရေအတွက်နဲ့ အတိအကျ ရောင်းချပေးတတ်တဲ့ ငပြူးပဲပြုတ်က အတော်ပင် နာမည်ကြီးနေတဲ့ ပဲပြုတ်ဆိုလည်း မမှားပေ။ ရန်ကုန်ရောက်ပြီးမှ ငပြူးပဲပြုတ် မစားဖူးလိုက်ရင်ကို ခေတ်မမီတော့သယောင် ပြောလာကြတဲ့အထိ..။

ပဲပြုတ်သည်ကိုယ်တိုင်က နာမည်ရနေတဲ့ အနေအထားတစ်ခုမှာ အထုပ်အရေအတွက်ကို တိုးရောင်းခြင်းလည်း မရှိဘဲနဲ့ ပုံမှန်အတိုင်းသာ ဆက်လက် ရောင်းချပေးနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော်..၊ ငပြူးပဲပြုတ်ရဲ့ ပဲ့ကိုင်သူလေးကို ဝါသနာအရ လုပ်ခွင့်ပေးထားတဲ့ ယောကျာ်းဖြစ်သူက ထပ်မံပြီး မပင်ပန်းစေလိုသည်လေ။ ထိုအခါ ဝယ်လိုအားများသလောက် ပဲပြုတ်အချိန်က မလောက်ငှတာကြောင့် ဦးရာလူစနစ်နဲ့သာ တိုးဝယ်ကြရပါတော့သည်။

လူတန်းရှည်ကြီးထဲတွင် အမြဲလိုလို ရောက်ရှိနေသူကတော့ လင်းခန့်ကျော်သာလျှင်..။

" ဟဲလို! ဘေဘီ.. "

" ဘာလို့ ဖုန်းလာဆက်နေတာလဲ "

" ခုထိ ဝယ်လို့မရသေးဘူးလားလို့.. "

" ငါ့ရှေ့မှာ သုံးယောက်ပဲကျန်တော့တယ်။ မင်းက ကားထဲမှာငြိမ်ငြိမ်လေး ထိုင်စောင့်ရတာတောင် မစောင့်နိုင်‌ဘူးလား။ မင်းအီလေးဆွဲနေလို့ တန်းစီရမယ့်ငါက နောက်ကျသွားတာလေ "

ဖုန်းတစ်ဖက်ကနေ လင်းခန့်ကျော်ရဲ့ အော်ငေါက်လာသံကြောင့် မင်းသန့်ပိုင်ခမျာ အိပ်ငိုက်နေတာပါ ပျောက်ပြီး နှုတ်ခမ်းကြီးချွန်နေရပြီ။

ငပြူးငလူး ( Completed )Where stories live. Discover now