1

178 21 12
                                    

"မှာထားတဲ့ကော်ဖီလေးရပါပြီ"

အပြုံးချိုချိုနဲ့ ဝန်ဆောင်မှုပေးနေတာ တခြား သူတော့မဟုတ် ဒီကော်ဖီဆိုင်ရဲ့သူဌေးကိုယ်တိုင်ဖြစ်သည်။ ချိုသာတဲ့စကားသံနဲ့ ကြည်လင်တဲ့အပြုံးလေးတွေကြောင့် မြင်ရသူတိုင်းစိတ်ချမ်းသာစေသည်။ ဒါ့ကြောင့်လည်းသူဌေးကိုယ်တိုင် ဆိုင်မှာလာထိုင်တဲ့နေ့တွေဆိုရင် တခြားနေ့တွေထက်ပိုပြီး လူကျလေ့ရှိသည်။

"လိုအပ်တာရှိရင်ပြောပါနော်"

တခြားစားပွဲဝိုင်းက customerတစ်ချို့ကိုပါပြုံးပြနှုတ်ဆက်လိုက်သည်။ ကော်ဖီကိုနှစ်ခြိုက်စွာသောက်တတ်သူပီပီ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ချင်တဲ့စိတ်ကူးက အရင်ကတည်းကရှိနေခဲ့တာကြောင့် အခုတော့တစ်စုံတစ်ယောက်ကျေးဇူးနဲ့ ဖွင့်ဖြစ်ခဲ့သည်။
အရမ်းအောင်မြင်သေးတာမျိုးမဟုတ်ပေမယ့် off dayလိုနေ့တွေဆို အတွဲတွေအရောက်များတတ်သည်။
အမှန်တကယ် ဝါသနာပါတဲ့အလုပ်ကိုလုပ်နေရတာကြောင့် သူကိုယ်တိုင် ကျေနပ်နေမိသည်။

'ring..ring..'

ဘောင်းဘီအိတ်ထဲက ​တုန်ခါလာတဲ့ဖုန်းကြောင့် ဖုန်းဖြေဆိုရန် ဆိုင်နောက်ဘက် ဝန်ရံတာကိုလာခဲ့လိုက်သည်။

"အင်း..အခုလား"

"....."

"ရတယ်လေ.. ညနေမှဆိုရင် ကိုယ်ဆိုင်ကပဲစောင့်နေလိုက်မယ်"

"...."

"ဒါဆို ညနေမှတွေ့မယ်နော်"

ဖုန်းချလိုက်ပြီးနောက် ပါးစပ်ချဥ်သလိုရှိလာတာကြောင့် cigarette တစ်လိပ်ထုတ်ကာမီးညှိ ဖွာရှိုက်လိုက်သည်။ ဆိုင်နောက်ဘက်မှာ ဝန်ထမ်းတွေခဏတစ်ဖြုတ်နားနေတာဖြစ်ဖြစ် cigaretteသောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရအောင် ခုံတန်းလေးတွေပြင်ဆင်ပေးထားတာမို့ ထိုခုံတန်းတွေမှာပဲဝင်ထိုင်ရင်း ဆေးလိပ်ကို အရသာခံဖွာရှိုက်နေလိုက်သည်။
မိုးရာသီအစပိုင်းဖြစ်တာကြောင့် မိုးအုံ့နေတဲ့အနေအထားကနေ မိုးဖွဲတွေကျဆင်းလာတာကို ကာထားတဲ့မှန်ကနေတစ်ဆင့်မြင်နေရ၏။

'တစ်ခါထပ်ပြီးမိုးရာသီကိုရောက်လာပြန်ပြီပဲ'

My Chicago Where stories live. Discover now