7

86 22 19
                                    

ရက်ရှည်ကျောင်းပိတ်ရက်ပြီးတော့ ပထမဆုံးကျောင်းပြန်ဖွင့်သည့်နေ့ဖြစ်တာကြောင့် ကျောင်းကိုတဖွဲဖွဲရောက်လာကြတဲ့ကျောင်းသား ကျောင်းသူတွေကြားထဲ
ဆောင်ချန်းလည်းအပါအဝင်ဖြစ်၏။
ကျောင်းရှေ့ကိုရောက်တာကြာပြီဆိုပေမယ့် ကျောင်းဝင်းထဲမဝင်သေးဘဲ နည်းနည်းနောက်ကျမယ်ဆိုတဲ့သူကိုမျှော်နေမိတာ အချိန်အတော်ကြာနေပြီဖြစ်တာကြောင့် ဖြတ်သွားတဲ့ကျောင်းသားတွေကလှည့်တကြည့်ကြည့်ဖြစ်နေကြပြီ။

ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာစတိုင်လ်ကျကျရပ်နေပေမယ့် လည်တဆန့်ဆန့်လုပ်နေမိတာ လည်ပင်းကသစ်ကုလားအုပ်ဖြစ်လုနီးပါး...

'ဟော..လာပြီ'

အနက်ရောင်ကားတစ်စီးကကျောင်းဘက်ကိုမောင်းနှင်လာတာတွေ့တာနဲ့ ဆောင်ချန်းပြုံးလိုက်ကာ ကားရပ်မည့်နေရာမှာအသင့်ကြိုနေလိုက်သည်။

"ဝန်ဘင်း"

ကားပေါ်ကဆင်းလာတဲ့ ဝန်ဘင်းကိုလူမမြင်ရသေးဘဲ ဖိနပ်ကလေးကိုတွေ့ရုံနဲ့ဝမ်းသာအားရအော်လိုက်တဲ့အသံက နှစ်ရှည်လများခွဲခွာနေရသူတစ်ယောက်လို။
တကယ်လည်း နွေရာသီကျောင်းပိတ်ရက်တစ်လအတွင်း ဖုန်းပြောဖြစ်တာလောက်ပဲရှိခဲ့ကြ​တော့ ဝန်ဘင်းကိုသူတကယ်သတိရနေခဲ့တာလေ။

"ငါစောင့်နေတာကြာပြီ ဘာလို့နောက်ကျနေတာလဲ"

" အိပ်ရာထနောက်ကျသွားလို့"

"ငါပြောသားပဲ စောစောအိပ်ပါဆိုတာကို မအိပ်ဘဲဘာတွေလုပ်နေလို့လဲ ၊ ပိတ်ရက်တွေလည်းဘာလုပ်နေလို့အပြင်တစ်ခါလေးတောင်မထွက်ရတာလဲ၊အခုရော မနက်စာလည်းမစားခဲ့ဘူးမလား"

ဝန်ဘင်းမျက်နှာကိုမကြည့်ဘဲ ဆက်တိုက်ပြောနေမိပြီးမှ ဝန်ဘင်းကစိတ်ရှုပ်နေသလိုလေးမျက်မှောင်ကုတ်ထားတာကိုသတိထားမိသွားပြီး

"ဘာလဲ နေမကောင်းလို့လား"

အမေးနဲ့အတူလျင်မြန်တဲ့လက်က ဝန်ဘင်းနဖူးပေါ်ဖွဖွတင်ကာအပူချိန်ကိုတိုင်းလိုက်တော့ ဝန်ဘင်းရဲ့မျက်နှာက အရောင်တောက်သွားတာကိုသတိမထားမိဘဲ

"ကိုယ်လည်းမပူပါဘူး"

တိုးတိုးလေးရေရွတ်နေပြီး ဝန်ဘင်းကိုစူးစမ်းသလိုကြည့်နေချိန် ဝန်ဘင်းဆင်းလာတဲ့ ကားနောက်ခန်းကမှန်ကတဖြည်းဖြည်းလျောကျလာပြီးနောက်..

My Chicago Where stories live. Discover now