Ep.14(uni+zg)

904 130 15
                                    

နေဝင်ချိန်နေထွက်ခဲ့ခြင်းတွေလို
ကိုယ့်စိတ်ဟာ မပြတ်သားဘူး...။
လျှို့ဝှက်ချက်တစ်ခုနဲ့ နေဝင်ပြီးမိုးချုပ်

ဆုံမှတ်တို့လွဲနေ တားမြစ်ချက်တို့လွဲနေပြီ
ချစ်လျှက်နဲ့.....။

ဆုံမှတ်တို့တွေ့ချိန်မှာ မင်းနဲ့တို့လွဲနေပြီ
ချစ်လျက်နဲ့။

====================

"Jimin....ဘီယာသောက်နိုင်တယ်မလား"

Hoseokသည် စျေးဝယ်သည့်ခြင်းတွန်းလှည်းထဲသို့ ဆိုဂျူပုလင်းများကိုထည့်ရင်းမေးလိုက်သည်။

"ဒီကောင်က ကြွက်တွင်းHoseokရဲ့....သောက်နိုင်တာပေါ့"

Taehyungက ခြင်းတောင်းထဲသို့အသီးဘူးများထည့်ရင်းပြောလိုက်သည်။

"ဒါဆိုများများဝယ်လိုက်မယ် Jungkookရောသောက်န်ိုင်လားမသိဘူး"

"သူလည်းသောက်နိုင်တယ်...များများသာဝယ်လိုက် ပြီးရင်ချောင်းရိုက်ရမယ်"

တွန်းလှည်းကိုမှီကာပျင်းတိပျင်းရွဲပြောနေသောJiminအား Taehyungနဲ့ Hoseok က နားမလည်သလိုကြည့်ကာ Hoseokက

"ဘာချောင်းရိုက်မှာလဲ"

"Jeon Jungkook ကိုလေ..... အဲ့ဒီကောင်ကမူးရင်ဘာမှမမှတ်မိတော့ဘူး အဲ့တော့သူမူးနေချိန်အသေရိုက်မလို့"

"ဟိုက မင်းကိုဘာလုပ်နေလို့လဲ"

"ငါမရိုက်ရတာကြာလို့ကွာ..."

Jimin၏အဖြေအားHoseokက ခေါင်းခါကာ ဝယ်စရာရှိသည်များကိုရွေးနေသည်။ SeokJin မှာလိုက်သည့်ပစ္စည်းအားလုံးဝယ်ယူပြီးသည့်အခါ အိမ်သို့ပြန်လာကြသည်။

SeokJin နှင့် အဒေါ်ကြီးတစ်ယောက်ကမီးဖိုဆောင်တွင်ညအတွက်ချက်ပြုတ်ပြင်ဆင်နေကြပြီး NamJoon က ခြံထဲတွင် မီးပုံပွဲအတွက်ခုံတွေကိုနေရာချနေလေသည်။

Noraက လှေကားပေါ်မှဆင်းလာပြီး မျက်နှာမအီမသာဖြစ်နေသဖြင့်Jiminကမေးလိုက်သည်။

"နေမကောင်းဘူးလား"

"အေး...မီးဖိုခန်းထဲမှာလူတွေရှိလား"

Jimin က ယောင်နနဖြင့်ခေါင်းညိတ်ပြလိုက်တော့Noraက အခက်တွေ့သွားသည့်ပုံပင်။

Painful LOVE {Completed }Where stories live. Discover now