(02)

255 5 0
                                    

အပိုင်း(၂)

နတ်မင်းဖိတ်ခေါ်ပွဲတော်နေ့
ကျတော်နှင့် ကျတော့်အဘိုးတိုဟာ ဒီပွဲတော်အတွက် လူ့ပြည့်ကို ဆင်းလာခဲ့ကြတာဖြစ်သည်။ပွဲတော်နေ့ဖြစ်တာကြောင့် နတ်မင်းတွေ၏ သက်ဆိုင်ရာ နတ်နန်များ၌  နတ်နန်းစောင့်သူများက သူတို့၏ဆိုင်ရာ၊ပိုင်ရာ နတ်နန်းများ၌ သူတို့၏ ဆိုင်ရာပိုင်ရာ နတ်မင်းများ၊မယ်တော်များကို တေးဂီတသံများ၊သီချင်းများ၊အကများဖြင့် ဖိတ်ခေါ်နေကြလေသည်။

သေမျိုးဖြစ်သည့် လူသားများက လာရောက်ဆက်ကပ်သည့် ပန်း၊သစ်သီး၊ယမကာ၊အမြည်းပွဲများနှင့် ဝေဝေဆာဆာ ရှိလှသည်။လမ်းမများထက်၌လည်း အရောင်အသွေးစုံလင်သည့် လူများက ဟိုဟို၊ဒီဒီ သွားလာနေကြလေသည်။

လျှာရည်ကျစရာ ပွဲတော်မုန့်များကိုလည်း ရောင်းချ ‌ေနကြသည်။မြင်ရသည်မှာ အရာရာတိုင်းဟာ စားချင်စရာ ဖြစ်လို့ နေသည်။
ဘိုးဘိုးကတော့ သူ၏နတ်နန်း၌ ပင်အနားယူနေသည်။ကျတော်တယောက်တည်း သာ ဟိုဟို၊ဒီဒီ သွားလာ လည်ပတ်နေရသည်။

လမ်းတလျှောက်၌ လူအယောင်ဆောင်ကာ လည်ပတ်စားသောက်နေကြသော မသေမျိုးများကိုလည်း အများအပြားတွေ့ခဲ့ရလေသည်။

ကျတော်က နတ်နန်းစောင့်သူများ၏ အကများ၊အပြင်အဆင်များ၊သီဆိုဟန်များ၊သီချင်းစာသားများကို သဘောကျတာကြောင့် နတ်နန်းတွေဆီသို့သာ တခုပြီး တခု လည်ပတ်နေမိလေသည်။

တဖြည်းဖြည်း ညဉ့်နက်လာတာကြောင့် လူတွေ ကျဲသွားကြသည်။လူသားတို့၏အိပ်စက်အနားယူချိန်ဖြစ်ပေမယ့် ရံဖန်ရံခါမှသာ ရောက်ဖြစ်တဲ့ လူ့ပြည်မို့ အနားမယူချင်သေး။တခုပြီး တခု ကြည့်လို၊စူးစမ်း လိုသေးသည်။

တခုသော မယ်တော်အပျိုစင်နတ်သမီး၏ နတ်နန်းသို့ ရောက်လာခဲ့လေသည်။ညဉ့်နက်နေပြီမို့ နတ်နန်း၌ လူတယောက်မှ မရှိတော့တာက မဆန်းပေမယ့်နတ်နန်းစောင့်သူ အများအပြားကိုလည်း မတွေ့ရပဲ နတ်နန်းစောင့်သူ တယောက်ကိုသာ မြင်တွေ့ရလေသည်။

နတ်နန်း၏ ရောင်စုံစက္ကူလှလှလေးများ ကြားက မီးတုတ်၏ အလင်းရောင်အောက်၌ နတ်နန်းစောင့်သူ ယောက်ျားပျိုလေး၏ လှပသော မျက်နှာလေး။မို့မောက်‌ေသာ ရင်အုံလေး ၊ဖွံ့ထွား၊ လုံးဝန်း၊ စွင့်ကားသော တင်ပါးသားများ ။အရင်း၌ ပြည့်ဝန်းကာ အဖျားဘက်၌ သွယ်လျသွားသော ပေါင်တံပြည့်ပြည့်များကို အံ့ဩစရာကောင်းအောင် ရင်သပ်ရှုမောဖွယ်ရာ အဖြစ် မြင်လိုက်ရသည်။ နတ်နန်းစောင့်သူလေးက နုနုငယ်ငယ်လေး၊ မသေမျိုး တယောက်သဖွယ် လှပကာ ဆွဲဆောင်မှုရှိနေလေသည်။

ဟင့်အင်း
မဟုတ်ဘူး မသေမျိုးတွေထက်ပင် ပိုလှပပြီး ပိုဆွဲဆောင်မှု ရှိနေသေးသည်။ကျတော့် မျက်လုံးတို့က ထိုယောက်ျားပျိုလေးထံမှ မခွာနိုင်တော့။

ကျတော်၏ ခြေလှမ်းတို့က ထိုနတ်နန်းထဲသို့ တလှမ်းချင်းတလှမ်း တိုးကပ်သွားလေသည်။
သို့သော်.......

ကျိန်စာပြယ်  အချစ်(complete)Where stories live. Discover now