(07)

147 5 0
                                    

အပိုင်း(၇)

ဒီအနံ့ပဲ
ကျတော် မှတ်မိတယ်။ကျတော် ကံဆိုးမိုးမှောင်ကျတဲ့ ညက လူတယောက်ရဲ့ ခပ်သင်းသင်းအနံ့ကို ရခဲ့တယ်။

ကျတော့် နာမည်က စောယွန်းပါ။ကျတော်တို့ အရပ်ဒေသက လူတွေက ကျတော့်ကို နတ်နန်းစောင့်လေး စောယွန်းလို့ ခေါ်ကြတယ်။

"သူလေးက လှရက်လိုက်တာ။သူလေး အလှက တမျိုးလေးပဲ ။မို့ရမယ့် နေရာတွေက မို့၊မောက်ရမယ့် နေရာတွေကမောက်၊ ဗိုက်လေးက ချပ်ပြီး၊ ခါးလေးက သွယ်နေတာပဲ။
သူသာ နတ်နန်းစောင့်သူတယောက် မဟုတ်ခဲ့ရင် ငါတော့ သူ့ကို အကြိမ်ကြိမ်ပစ်မှားနေမိမှာပဲ"

ဒါက စောယွန်း လူတွေကို ဖြတ်သွားတဲ့ အခါတိုင်း ကြားရနေကျ စကားလုံးတွေပဲ။ငယ်တုန်းကတည်းက အပျိုစင်နတ်သမီးကို စောယွန်းသဘောကျခဲ့တယ်။အရွယ်ရောက်လာတော့ မယ်တော်အပျိုစင်နတ်သမီး၏ နတ်နန်းစောင့်သူ တယောက်ဖြစ်လာခဲ့လေသည်။

အခု ထိုညက လူ၏အနံ့ကို ရပြန်သည်။ပိုပြီး ထူးဆန်းတာက သူက စောယွန်းကို ဖမ်းပြီး မသတ်ပဲ နေရာတနေရာကို ခေါ်လာခဲ့ခြင်းဖြစ်သည်။

မှောင်မည်းစိုစွတ်အေးစိမ့်နေတဲ့ ကျောက်ဂူတွေ။ဓားတွေ၊လှံတွေနဲ့ လာပစ်ကြတဲ့ လူတွေ၊နာကျင်လို့ ငိုကြွေးမိတိုင်း ကိုယ့်ပါးစပ်ကထွက်လာတဲ့ အသံနက်ကြီးတွေ  ကြောက်လွန်းလို့ တဆတ်ဆတ်တုန်ရီနေမိခဲ့ဖူးသည်။

ဆာလောင်လွန်းလို့ ငှက်တွေ၊ပုတ်သင်ညိုတွေကို ဖမ်းစား ခဲ့ဖူးပြီ။
အခုရော ဘယ်နေရာကိုများ ရောက်ပြီး။ဘယ်လို နာကျင်မှုတွေကိုများ ထပ်ပြီး ကြုံတွေ့ရအုံး မှာလဲ? လို့ တွေးကာ တဆတ်ဆတ်တုန်နေမိပြန်သည်။

လှပပြီး လူတွေ မရှိတဲ့ ကျွန်းလေး တကျွန်းကို ရောက်လာသည်။

ပိုက်ကွန်ထဲမှာ ဖမ်းထားရာကနေ သူက ကျတော့်ကို လွှတ်ပေးလိုက်သည်။သူ့ကို မကြည့်မိအောင် ခေါင်းကို ငုံ့ထားမိသည်။

"မင်း အတွက် ဒီ‌ေနရာမှာ အန္တရာယ်မရှိဘူး နတ်နန်းစောင့်သူလေး။တခါတလေ ဒီထဲက သားကောင်းတွေ ဖမ်းပြီးတော့လည်း စားလို့ရတယ်။အသီးတွေ ဘာတွေ စားတတ်ရင် တော့ ငါခူးပေးပါ့မယ်"

လို့ သူကပြောလာသည်။
သူ့အနံ့ကိုသိသည်။
အခု သူ့အသံကိုပါ ထပ်ကြားရပြီ။
ဘာစကားမှပြန်မပြောနိုင်ပဲ စိမ်းပြာလဲ့လဲ့လေး ပြေးနေတဲ့ လှိုင်းကလေးတွေရှိရာ ကမ်းစပ်ဆီသို့ ပြေးလာခဲ့မိသည်။

ရေမသောက်ရတာ အတော်ကြာပြီ။
ပိုပြီး ပြောပြရရင် ရေသန့်သန့်ကို မသောက်ရတာ အတော်ကြာနေပါပြီ။

"ဟေ့ နေဦးလေ"

သူ့အသံကို ဂရုမပြုအားပဲ ရေတွေကို အားရပါးရ လက်ခုပ်လေးထဲထည့်ကာ အငမ်းမရသောက်နေလိုက်မိသည်။

ကျိန်စာပြယ်  အချစ်(complete)Where stories live. Discover now