Part-1(Unicode)

10 2 0
                                    

"ကလောင်...ကလောင်..ကလောင်"

ကျယ်လောင်သည့် ခေါင်းလောင်းသံအဆုံး၌ ၊ ပြန်စစ်လက်စ အဖြေလွှာအား ပိက်လိုက်ကာအခန်းစောင့်ဆရာမ လက်ထဲသို့ အပ်လိုက်သည်။

သော်တာ ငြောင်းငြာနေသည့် ခါးအား တစ်ချက်ဆန့်ကာ ပြေခြင်,ခြင် ဖြစ်နေသည့် ပုဆိုးအစိမ်းအား ဖြန့်ဝတ်လျှက် အခန်းအပြင်သို့ ခပ်သွက်သွက်ထွက်လာသည်။ကော်ရစ်တာ ရှိ စားပွဲခုံပေါ်၌ စုပုံထားသည့် လွယ်အိပ်များထဲမှာ အောက်ဆုံးတွင်ပိနေသည့် လွယ်အိပ်အပြာရောင်အား သူစိတ်မရှည်စွာ ဆွဲထုက်လိုက်သည်။

"သော်တာ..မင်းဖြေနိုင်လားကွ၊ငါတော့ အောင်မှက်ဖိုးလောက်ပဲ ရေးခဲ့တယ်၊
ပထမနှစ်ဝက်ဆိုတာ..အတန်းတင် စာမေးပွဲမဟုက်တော့..လက်ငြောင်းမခံချင်တာလည်းပါတာပေါ့"

"မင်းရတဲ့ အပုဒ်က အောင်မှက်ဖိုးလောက်ပဲ ပါတယ်လို့ ပြောရင် မြွေကိုက်မှာဆိုးလို့လား.."

သော်တာ ၏ ပြန်ချေပသံအား နားထဲသို့ ပျားသကာရည်များလောင်းထည့်သည့်အလား မျက်နှာကို ပြုံးဖြီးပြနေသည့် ကောင်ငယ်လေးမှာ..သော်တာ ဤကျောင်းသို့ ရောက်စကတည်းကပင် တစ်ဦးတည်းသာရှိသည့် သူငယ်ချင်းဖြစ်သည်။

စကားနည်း၍ ခပ်တည်တည်နေတတ်သည့် သော်တာ့ အား ပက်ကျိ ကဲ့သို့ တွယ်ကပ်ကာ သာလိကာ တစ်ကောင်လို စကားတတွတ်တွတ်ပြောတတ်သည့် ပြည့်စုံ အား သော်တာ ခင်မင်သော်ငြား လေလုံးထွားတတ်သည့်အကျင့်ကိုတော့ ဦးချိုးထားခြင်သည်။

"ဟီး..သော်တာကလည်းကွာ..၊လေကျယ်ရတာ အကျင့်ပါနေလို့ပါ..ဒါနဲ့ ဒီသီတင်းကျွတ်ကျောင်းပိတ်ရက် အိမ်ပြန်မှာလား.."

"မပြန်ဘူး!..၉ တန်း နွေရာသီကျောင်းပိတ်ရက်တောင်မပြန်တာ၊ အခုက ဘာပြန်လုက်ရမှာလဲး"

သော်တာ ၏ အနောက်မှ ပက်ကျိလေးမှာ..သူ့ရှေ့ကလူ ဘာပြောပြော အပြုံးမပျက် ကပ်လျှက်လိုက်နေဆဲပင်..

"ရွာမှာ..မင်းအဖေနဲ့ အဖွားရှိတယ်ဆို၊သူတို့ဆီ မပြန်ဘူးလား"

ပြည့်စုံ ပြောမှသာ ရွာရှိ ဖွားခင်အား
သော်တာ လွမ်းလာသည်။မတွေ့ရသည်မှာ နှစ်နှစ်နီးပါးပင်ရှိတော့မည်
။အဖေ ဟူသည့် လူအကြောင်းတော့ သော်တာ မတွေးခြင်ပါ။ပညာတတ် ဖြစ်စေလိုသည်ဟူသော အကြောင်းပြချက်ဖြင့် သူ့​အား ဤ အရပ်ဒေသသို့ ပို့ဆောင်ထားခြင်းအတွက် စိတ်ခုပါသည်။ထို့အပြင်....

မေတ္တာကုန် ကျယ်သ၍...Where stories live. Discover now