Part 22

2K 254 20
                                    

Unicode

Taehyung က ခြေထောက်လေးကို ရေထဲတွင် စိမ်ထားလျက်ရှိကာ Jungkook က Taehyung ရဲ့ပေါင်လေးပေါ်တွင် ခေါင်းလေးအုံးလျက် ကောင်းကင်ပေါ်က ကြယ်လေးတွေကို ငေးကြည့်ကာ။

Taehyung ရဲ့လက်လေးဟာ တစ်ချက်တစ်ချက် Jungkook ရဲ့ ဆံပင်စလေးတွေကို ခပ်ဖွဖွလေး ဖွလျက်ရှိသေးသည်။

"ဘာတွေငေးနေတာလဲ Jungkook"

"ကြယ်..."

"ထပ်ပြီးရေတွက်နေတုံးလား...ခင်ဗျားရေတွက်နေတာ အခေါက်ခေါက်အခါခါရှိနေပြီလေ..."

"မဟုတ်ဘူး...ရေတွက်တာထက်..ကြယ်လေးတွေနဲ့ ပုံဖော်ကြည့်နေတာ..."

Taehyung က သဘောကျစွာရယ်လိုက်သည်။ ခေါင်းလေးကို ငုံ့နမ်းလိုက်တော့ Taehyung ရဲ့ရယ်သံလေးက Jungkook စီကိုပါ ကူးစက်သွားလျက်။

"ကြယ်နဲ့ဘာပုံဖော်နေတာလဲ Jungkook"

"မင်းမျက်နှာ...ဟုတ်တယ်...ကိုယ်မင်းမျက်နှာလေးကို ပုံဖော်နေတာ..."

Jungkook နဲ့အတူ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ ပုံဖော်ဖို့ ကြိုးစားလိုက်ပင်မဲ့ မျက်ဝန်းထဲပေါ်လာတာက ဟိုတွေ့ခဲ့တဲ့ကောင်လေး။

ပြုံးယောင်သန်းနေသည့် Taehyung မျက်နှာလေးဟာ တည်တံ့သွားလျက်။

"တစ်ခုခုဖြစ်လို့လား...Taehyung..."

Jungkook ကထကာ စိတ်ပူစိုးရိမ်သွားသည့်မျက်နှာနဲ့ မေးခွန်းထုတ်လာလေသည်။

"Jungkook..."

"အင်း...ပြောပါအချစ်ကလေးရဲ့ ကိုယ်ရှိပါတယ်....."

"ခင်ဗျားနဲ့တူတဲ့ တစ်ယောက်ကို ကျွန်တော်တွေ့ခဲ့တယ်...ခင်ဗျားနဲ့ဆင်တယ်..."

"ဟမ်...."

"ခင်ဗျားရဲ့မျက်ဝန်းတွေသူ့မှာရှိနေတယ်...အဲ့လိုဘဲ ခင်ဗျားလို သူ့ကိုရင်းနှီးနေမိတယ်..."

"ဒီတိုင်းအမှတ်မှားတာဖြစ်မှာပါကွာ"

Taehyung ရဲ့လက်နွေးနွေးလေးကို ဆုပ်ကိုင်လိုက်ကာ အနမ်းပေးရင်း သူပြောလာသည်။ ရင်ထဲမှာ တစ်စို့စို့ကြီးနဲ့ Taehyung နေရခက်နေတာ။ 

"Jungkook..."

"ဟွန်းး"

"ကျွန်တော့်ကို ဘာလို့ချစ်သွားတာလဲ...ကျွန်တော့်လို ဒုက္ခအိုးလေးကိုလေ...ဘာကြောင့်ချစ်သွားတာလဲ..."

The Criminal & Habibi (Rewrite Version) Where stories live. Discover now