Ep-6

153 27 3
                                    

ဒီနေ့မနက်..

ဒီနေ့မနက်ဟာ ‌နိုးထလာခဲ့တဲ့ နေ့ရက်တွေထဲကမှ
မပျော်ဆုံး မနက်ခင်းတစ်ခုဖြစ်မယ်လို့ ပြောလို့
ရတာပဲ..။

ရောမမြို့ထဲကိုလား စက်ဘီးပတ်စီးခွင့်
မရှိတော့ဘူး..။ ကင်မရာတစ်လုံးနဲ့ အီတလီရဲ့
လှပတဲ့အငွေ့အသက်တွေကို ဓာတ်ပုံဆက်ပြီး
ရိုက်ခွင့်မရှိတော့သလို..ပန်းဆိုင်လေးကိုလဲ
ငါမသွားနိုင်တော့ဘူး..။

ဒီနေ့ ငါပြန်ရတော့မယ်..။

ရောမမြို့ရဲ့ ခရီးစဉ်တစ်ပတ်စလုံးမှာ
ငါပျော်ခဲ့ရပါတယ်..။ စိမ်းပြာရောင်လေးနဲ့လဲ
တွေ့ဆုံခဲ့ရတယ် ဒါကတော့ ဒီတစ်ပတ်လုံးမှာ
ငါအနှစ်အသက်ဆုံးအရာပင်..။

ဒီတစ်ပတ်လုံး စိမ်းပြာရောင်လေးနဲ့ မတွေ့ဖြစ်
ခဲ့တဲ့ နေ့ဆိုတာ မရှိသလောက်ပေ..။

မနေ့ကလဲ သူ့ပန်းဆိုင်လေးမှာ ငါသွားကူပြီး
စကားတွေအများကြီးပြောဖြစ်ခဲ့တယ်..။
နေ့လည်စာသာမကပဲ ညစာပါ ငါတို့တူတူ
စားခဲ့ကြတယ်..။

သို့ပေမယ့် စိမ်းပြာလေးရဲ့ မျက်နှာဟာ
ရွှင်လန်းနေသည့်ပုံအပေါ်ပဲ အနည်းငယ်
ညိုးနွမ်းနေခဲ့သည်..။

" မနက်ဖြန် ပြန်တော့မှာပေါ့နော်.."

ညစာစားရင် ဆိုလာသည့်သူကြောင့်
ငါအစားကိုရပ်လိုက်ပြီး အရှေ့က
ကောင်လေးငယ်ကို ကြည့်မိသည်..။

" အွန်း ဟုတ်တယ်.."

" လေယာဉ်ချိန်ကရော.."

" ကိုယ်ညဘက်ပဲယူထားတယ်.."

ကောင်လေးငယ်ဟာ ဘာမှဆက်ပြီး မပြောလာခဲ့ပါ..။ ငါတို့စကားဝိုင်းလေးဟာ ဒီလောက်နဲ့ပဲ
တိတ်ဆိတ်သွားခဲ့သည်..။ စားပွဲပေါ်မှာ
ချထားသည့် ဟင်းတွေကိုသာ ပူရင်ပူလိမ့်မယ်..။
ဒီစကားဝိုင်းကတော့ ရုတ်တရက်ကြီး အေးစက်
သွားခဲ့သည်..။

ပြန်ဖို့အတွက် စားသောက်ဆိုင်က အထွက်မှာ
နှုတ်ဆက်စကားတောင် မဆိုမိပေ..။
မနေနိုင်သည့် ငါကပဲ သွားတော့မည့်
လက်ဖွေးဖွေးလေးကို လှမ်းဆွဲလိုက်သည်..။

" လေဆိပ်အထိ လိုက်ပို့ပေးမလား.."

အရဲစွန့်ပြီး တောင်းဆိုမိသည်..။ မဖြေသေးပဲ
ဒီတိုင်းသာကြည့်နေသည့် စိမ်းပြာရောင်
မျက်ဝန်းတွေကို ငါကြည့်မိသည်..။

Il Mio Ragazzo È ItalianoWhere stories live. Discover now