အခန်း ( ၁ )

60 9 0
                                    

အချိန်အားဖြင့်နေ့လည်၁၂နာရီကျော်လောက်ရှိမယ်လို့ထင်ရပါသည်။အဖြူ
အစိမ်းဝတ်ထားသော ကျောင်းဆရာမတစ်ဦး ကားမှတ်တိုင်တွင်ကားစောင့်
နေဟန်တူသည်။ ထိုအချိန်တွင် မိုးဖွဲလေးများကျဆင်းလာပါသည်။ ဟော... ဘယ်လောက်မှမကြာလိုက်တဲ့ စက္ကန့်ပိုင်းအတွင်း မိုးများသည်းထန်စွာရွာ
လာပါသည်။ ထိုဆရာမလေးက သူ့ဆွဲခြင်းလေးထဲက ခေါက်ထီးလေးကို
ထုတ်ကာဆောင်းလိုက်ပါသည်။ သူမစောင့်နေသောကားကလဲ ယခုထိမ
လာသေးပါ။ ထိုအချိန်တွင်အိမ်စီးကားတစ်စီးသူမအရှေ့သို့ရောက်လာပါ
သည်။

" တီချယ်... တီချယ်ဒေါ်မိုးသူဇာလွင်မလား " ဟု ကားမှန်တံခါးလေးဖွင့်
ကာ မေးလိုက်သော ကောင်မလေးတစ်ယောက်။
" ဟုတ်ပါတယ် ကျွန်မ မိုးသူဇာလွင်ပါ " ဟု တည်ငြိမ်စွာပြန်ဖြေသူမှာ ဆရာမလေးပင်။
" သမီးက G8 ( A )ခန်းက အတန်းခေါင်းဆောင် လရောင်ဦးပါတီချယ် "
" လရောင်ဦး.... "
" ဟုတ်ကဲ့ တီချယ့်ကို သမီးသိပါတယ် "
" တို့တော့ ကလေးမကိုမသိဘူးကွယ် တောင်းပန်ပါတယ် "
" ဟုတ်ကဲ့ရပါတယ် တီချယ်၊ ကားစောင့်နေတာမလားဗျ တက်ပါ သမီး
ကားနဲ့လိုက်ပို့ပေးပါ့မယ် "
" အို... အားနာစရာကွယ် ရပါတယ် "
" ရပါတယ် တက်ပါတီချယ်အားမနာပါနဲ့ "

ဆရာမလေးလဲ ဘတ်စ်ကားလာရာလမ်းမကိုတစ်ချက်ကြည့်ပြီး မဟန်
တော့တာသိတော့ ဆက်မစောင့်တော့ဘူးလို့ဆုံးဖြတ်ကာ လရောင်ဦးရဲ့
ကားပေါ်ကိုတက်လိုက်ပါသည်။ လရောင်ဦးရဲ့ကားက ဒရိုင်ဘာနဲ့မောင်း
တာဖြစ်ပြီး လရောင်ကလဲ ကျောင်းကပြန်လာတာဖြစ်ပါသည်။

" ဟို.. အရှေ့ဆိုရပြီ ရှင့် "
" ဒါဆို တာ့တာပါတီချယ် ကောင်းသောနေ့ပါဗျ "
" ကောင်းပါပြီ ကျေးဇူးပါကွယ် " ဟုပြောကာ ဆရာမလေးလဲ သူမအိမ်
ထဲကိုဝင်သွားခဲ့ပါသည်။

နောက်တစ်နေ့နံနက်.......

ကျောင်းတော်ကြီး၏ ကစားကွင်းတစ်နေရာတွင် လရောင်ဦးထိုင်ကာ တစ်
စုံတစ်ယောက်ကိုစောင့်နေပါသည်။ ခဏအကြာမှာတော့... ကောင်မလေး
တစ်ယောက်ရောက်လာပါသည်။

" လရောင် "
" အော်... မသဇင် "
" ဘာကိစ္စရှိလို့လဲ လရောင် အစ်မကိုစောင့်နေတာ "
" မနေ့က တီချယ်မိုးသူဇာလွင်ကို သူမအိမ်ထိလိုက်ပို့လိုက်တယ် "
" ဘယ်လို! “
" ဟီး..ဟီး စိတ်ဝင်စားတယ်မလား "
" ပြောပြစမ်းပါ စိတ်ဝင်စားတာပေါ့ "
" ဒီတိုင်းတော့မရပါဘူး "
" ဘာပေးရမလဲပြောဟယ် "
" တနင်္ဂနွေနေ့ကြရင်တစ်ဝိုင်းလိုက်ကျွေးရမယ် "
" အေး...အေး...အေး ကျွေးမယ်ဟာ ကျွေးမယ် "
" ဒီလိုဗျ...... တီချယ်ကမိုးရေထဲကားစောင့်နေတာတွေ့လို့ သူ့ကိုအိမ်အ
ထိလိုက်ပို့လိုက်တာ "
" အဲ့ဒါပဲလား "
" အင်းလေ ဟုတ်တယ် "
" ဟင့်... နင့်ဟာကလဲ.. တော်ပြီ မကျွေးဘူးဘာမှ "
" ဟေး..ဟေး ကျွန်တော်က ဆရာမအိမ်သိတယ်နော် "
" ဟဲဟဲ လရောင်လေး ပြောပြပါလားအစ်မကို မုန့်ဝယ်ကျွေးမယ် "
" ဖြေးဖြေးပေါ့ မသဇင်စုဝေရယ် အခုတော့ လစ်ပြီ "

သဇင်စုဝေဆိုသူက လရောင်ဦးရဲ့ အကြီးတန်းသူငယ်ချင်းပေါ့... မသဇင်က ၉တန်းလေ ၁၅နှစ်.. လရောင်က ၁၄နှစ် ၈တန်း။ ဆရာမမိုးသူဇာလွင်ကို မသဇင်ကကြိုက်နေတယ်ဆိုရမလား။

လရောင်လဲ ကစားကွင်းထဲကပြေးထွက်လာကာသူမ၏ စာသင်ခန်းထဲသို့
ဝင်သွားခဲ့ပါသည်။

" လရောင်ဦး “
" ဟာလန့်လိုက်တာ ပိတောက်ရယ် "
" တစ်မနက်လုံးဘယ်ပျောက်နေတာလဲ "
" သူငယ်ချင်းနဲ့စကားပြောနေလို့ပါဟယ် နင်ကလဲ "
" ဟွန့်.... ယုံပေးလိုက်မယ် "

ပိတောက်...ပိတောက်ညို လရောင်နဲ့အတန်းတူတူပဲ...လရောင်ရဲ့သူငယ်
ချင်း ၂တန်းနှစ်ကမှစခင်တဲ့သူငယ်ချင်း လရောင်ဦးရဲ့အလင်းရောင်လေးလို့
ပြောရမလား... လရောင်တစ်ဖက်သက်ကြိုက်နေရတဲ့သူငယ်ချင်းမလေး
ပေါ့။ လရောင်မှာ ပိတောက်ညို၊ သီရိအောင်၊ ပြည့်စုံဖူးနဲ့လင်းသုခမောင်ဆို
တဲ့သူငယ်ချင်း ၄ယောက်ရှိပါသည်။

" လရောင်ရေ သမီးဒီနေ့ သမီးတို့တီချယ်ယုခွင့်ယူထားတယ် အဲ့ဒါ အခန်း
ခွဲသင်ဖို့စာရင်းလုပ်လိုက်နော် " ဟု Bတန်းက ဆရာမကလာပြော၏။

လရောင်လဲအခန်းခွဲလူစာရင်းလုပ်ကာ သူတို့ဒီနေ့တစ်နေ့တာကိုအခြားအ
ခန်းမှာစာသွားသင်ကာပြီးသွားခဲ့ပါသည်။

အပိုင်း ( ၂ ) ဆက်ရန်...

လိပ်ပြာ🦋

တန်ခူးထဲက အချစ်ဦး ကဗျာWhere stories live. Discover now