အခန်း ( ၂၃ )

7 4 0
                                    

ဒီနေ့က သဇင်အမေရိကားသွားဖို့ ၁ရက်အလိုပဲဖြစ်ပါသည်။ သူမကန်တော်ကြီးထဲက ခုံတစ်ခုံမှာထိုင်ကာ တစ်စုံတစ်ယောက်ကိုစောင့်နေပါသည်။ သူမစောင့်နေတာ ၄၅မိနစ်လောက်ရှိပြီဖြစ်ပါသည်။

" စောင့်ရတာ ကြာသွားလား တို့က ဘတ်စ်ကားနဲ့လာရတာဆိုတော့ " ဟုပြောကာ သဇင့်ဘေးမှာဝင်ထိုင်လိုက်သူက တီချယ်မိုးပင်ဖြစ်သည်။

" ၄၅မိနစ်လောက်တော့ ရှိပါပြီ ဒါပေမဲ့ ရပါတယ် တီချယ် "

" ဆောတီးပါနော် တို့ကိုဘာပြောမလို့လဲ သဇင် "

" မနက်ဖြန်ကြရင် အမေရိကားကိုသွားရတော့မယ် တီချယ် ၄နှစ်လောက်ကြာမယ်ထင်တယ် "

" အော် သွားတော့မှာလား "

" အဲ့ဒါ တီချယ့်ကို ပြောစရာရှိတာလေးပြောသွားချင်လို့ပါ "

" ဟုတ်ပါပြီ ပြောပါ "

" သဇင် တီချယ့်ကိုပြောစရာရှိတာက မဖြစ်နိုင်မှန်းသိပါတယ် ဒါပေမဲ့မျိုသိပ်ပြီး ထွက်သွားဖို့မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုကိုယ်ထင်လို့ ပြောဖို့ဆုံးဖြတ်ခဲ့တာပါ စိတ်မဆိုးပါနဲ့လို့ အရင်ဆုံးစကားခံထားချင်ပါတယ် တီချယ့်ကိုချစ်တယ် ဘယ်သူ့ကိုမှမချစ်ဖူးတဲ့အချစ်နဲ့ချစ်တာပါ ဆရာတပည့်ဆိုတဲ့ စည်းနဲ့ သမီးဘက်ကဆင်ခြင်သင့်သလောက်ဆင်ခြင်ခဲ့ပါတယ် အခုတော့ကျောင်းလည်းပြီးပြီး သမီးမျိုသိပ်ခဲ့တာလည်းကြာပါပြီ မိန်းကလေးချင်းမို့... "

" တော်တော့ သဇင်စုဝေ! " သဇင်ပြောနေသောစကားတောင်မဆုံးသေးခင်မှာပဲ တီချယ်ကမတ်တပ်ထရပ်လိုက်ကာ အော်ပြောလိုက်ပါသည်။

" ငါက မင်းရဲ့ ဆရာမဆိုတာကိုလည်းခေါင်းထဲထည့်ထားပါ ပြီးတော့ ငါငါ မင်းကိုမချစ်ဖူး ငါ့မှာလက်ထပ်ရမဲ့သူလဲရှိတယ် "

" ဗျာ "

" ဟုတ်တယ် ငါ့မကြာခင် လက်ထပ်တော့မှာ မင်းရဲ့စကားတွေကိုဒီမှာတင်ရပ်ပြီးနေခဲ့ပါ တို့တွေက မသိခဲ့ကြတဲ့လူလို့ပဲသတ်မှတ်လိုက်ပါ့မယ် "

" အဲ့ လောက်ထိတော့ မရက်စက်ပါနဲ့ တီချယ်ရယ် "

" တို့ကိုသွားခွင့်ပြုပါအုံး " ဟုပြောကာ ထွက်သွားပါသည်။

တန်ခူးထဲက အချစ်ဦး ကဗျာWhere stories live. Discover now