ch 47

458 89 1
                                    

အခန်း ၄၇

       
အနီရောင် ကျောက်တုံးအား အဖြူရောင် မျက်နှာသုတ်ပုဝါနဲ့ ထုပ်ထားလိုက်သည်။သေးငယ်သော်လည်း ပေါင်တစ်ထောင် အလေးချိန်ရှိနေသကဲ့သို့ လက်ဝယ်ထားရှိသူတိုင်း၏ နှလုံးသားကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထား လေသည်။

လျန်ရှီ နှင့် ထုံကျစ် တို့က လူသားများဖြစ်သောကြောင့် ခေါင်းငုံ့ကာ နှုတ်ဆိတ်နေကြ၏။ မြေခွေးလေးက ကျောပိုးအိတ်ထဲတွင် ခိုနားနေကာ သူမရဲ့ မြေခွေးနားရွက်ကို ခေါက်နေလျက် တိတ်တိတ်ဆိတ်ဆိတ် နေခဲ့သည်။ ဥက္ကဌလဲ့ပင်လျှင် ဤဝမ်းနည်းစရာကောင်းပြီး ခမ်းနားထည်ဝါသော လေထုကို မချိုးဖျက်ရန် တိတ်တဆိတ်‌ နေသဘောတူခဲ့ကြသကဲ့သို့။

ဆိတ်ငြိမ်နေတဲ့ အခိုက်အတန့်...

အချိန်အတော်ကြာပြီးနောက် လျန်ရှီ စာအုပ်ကို ပြန်ထုတ်ပြီး

"အခုတော့ အမှန်တရားကို သိသွားပြီမို့ ဒီကိစ္စကို တကယ်ပဲ ဖြေရှင်းနိုင်မှာပါ"

ထုံကျစ်: "သူ လူဝင်စားတာကို ကူညီချင်လို့လား။"

လျန်ရှီi: "ဟုတ်တယ်၊ သူ့ လူဝင်စားတာကို ကူညီကို ကူညီရမယ်။"

အချိန်မဖြုန်းဘဲ လူသုံးယောက်နဲ့ မြေခွေးတစ်ကောင်က အပန်းဖြေဟိုတယ်သို့ ချက်ချင်း ကားနှင့်ပြန်ခဲ့သည်။ ဒါပေမယ့် ရှုလန် သို့မဟုတ် လင်းစစ်ချီ ကိုရှာဖို့ သူတို့ဒီမှာရှိနေခဲ့တာမဟုတ်။ ရှောင်ဟူလီ ဤဟိုတယ်ရဲ့ မိုးမျှော်တိုက် တွင် အခန်းတစ်ခန်းကို ငှားထားသဖြင့် ဟူရှောင်လိ ရဲ့အခန်းသို့ရောက်ရှိပြီးနောက်၊ နောက်ဆုံးတွင် မြေခွေးလေးတစ်ကောင်က သူ၏ကျောပိုးအိတ်ထဲမှ ခုန်ဆင်းကာ လူသားအသွင်သိို့ပြောင်းလဲသွားခဲ့သည်။

"အမလေး၊ ငါတစ်နေ့လုံးကို အသက်ရှူကျပ်နေရတာပဲ။"

လျန်ရှီ သူ့အိတ်ကပ်ထဲမှ ကျောက်တုံးကို ထုတ်၍ စားပွဲပေါ် ညင်သာစွာ ချထားလိုက်သည်။

တစ္ဆေအရာရှိလေးယောက်ထဲမှာ အတွေ့အကြုံအရှိဆုံးက ဟူရှောင်လိပင်။ သူမသည် ကျောက်တုံးကြီးကို ခဏလောက်ကြည့်ကာ တွေးတောရင်း “လူအများစုက သေတဲ့အခါ   အသက်ရှင်နေချိန်က မပြည့်သေးတဲ့ ဆန္ဒတွေ ရှိခဲ့ကြပေမယ့် ဒီဆန္ဒတိုင်းက စွဲလမ်းမှုအဖြစ်သို့ ပြောင်းလဲသွားတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီလိုလူတွေက သေပြီးနောက်မှာ ချက်ချင်း လူဝင်စားဖို့ တန်းစီနေလိမ့်မယ်။အဲ့အမျိုးသမီး လူမဝင်စားဘူးဆိုကတည်းက  သူဆီမှာ စွဲလမ်းမှုတွေ ရှိနေတာလို့ ဆိုလိုတာပဲ။"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now